Friday, March 28, 2008

ဟန်ဆောင်ကာမေ့ထားခဲ့ပေမယ့်


ရူံးနိမ့်နေမှန်းသိနေလျက် ဒီပြိုင်ပွဲတခုကို ကျမ၀င်မပြိုင်သင့် မှန်းသိနေပါလျက်
မျှော်လင့်ချက်တခုကကျမကို အကြောင်းပြချက်မဲ့စွာ သယ်ဆောင်ခေါ်ယူ
နေမှတော့ ကျမဘက်ကဘာတတ်နိုင်မှာလဲ ကျမ ကိုယ်တိုင်ကမှ လွန်ဆန်နိုင်
စွမ်းမဲ့ခဲ့တာကိုး..........။

အဲ့ဒီအချိန်က ဆန္ဒတခုကိုဆန့်ကျင်ပြီး အဝေး တနေရာ ထွက်ပြေးခဲ့ရင်
ဒီဒဏ်ရာ နှလုံးသားကတဆစ် ဆစ်နာကျင်ခဲ့မိမယ် မထင်ခဲ့ပါဘူး။ တချိန်က
သိပ်ကိုမြတ်နိုး တွယ်တာခဲ့ဖူးတဲ့ တိမ်တိုက်လေးတွေတောင် လေယူရာကို
ယိမ်းနွဲ့ ကျမနဲ့အဝေးတနေရာမှာ။

ဖွင့်ပြောချင်ခဲ့ပေမယ့် သူပျော်နိုင်ပါစေဆန္ဒတခုက ကျမကို ညတိုင်းလိုလို
အိပ်မက်ထဲနှိပ်စက်မျိုသိပ်ခဲ့ရ ဒီခံစားချက်တစုံကို သူကတော့ သိနိုင်မယ်
မထင်ဘူး။ စေ့ထားရုံရှိတဲ့ နှလုံးသားတခါးပေါက်တခုကို နှလုံးသားတခုနဲ့
မှ ကြည့်ဖို့မကြိုးစားခဲ့တာ။

မဆုံနိုင်တော့ဘူးလား အရင်အချိန်က နေ့ရက်လေးတချို့လိုပေါ့။ မညာ
မတာ စွပ်စွဲချက်တွေကမြှားတစင်းလို အသဲတခုလုံးကို ထိုးချေ အစိတ်
စိတ်ကျေမွ သွားစေခဲ့ပေမယ့် တချိန်ကရှိခဲ့နေညိုချိန်တချို့ကို ပြန်လည်
တမ်းတရင်း တချိန်ချိန်ပြန်တွေ့ခွင့်အတွက် မျှော်လင့်ခြင်နေ
မိသေးတယ်။

တနေ့နေ့တော့ဖွင့်ပြောမယ် စိတ်ကူးခဲ့ဖူးတယ် အဲ့ဒီစိတ်ကူးခံစားချက်
လေးတွေက ကျမကိုအပျော်လေးတွေပေး နှလုံးခုံသံတွေတောင်မြန်စေ
ခဲ့ဖူးတယ်။ တကယ်တမ်းတခဲ့ရ ရက်လေးတခုရောက်ပြန်တော့ သူ့ဆန္ဒ
ကိုဦးစားပေး ကျမဆန္ဒတစုံကို မျိုသိပ်ခဲ့လိုက်ရတယ်။

အရူံးပေးထားသူတယောက်မို့ အလွယ်တကူအနိုင်လိုချင်ခဲ့တာလား။
ဒူးထောက်နေမှန်းသိလျက်ကျမနှလုံးသားကိုဖျစ်ညစ် ခံနိုင်ရည်မရှိနိုင
်လောက်အောင် စိမ်းကားရက်စက်စွာသီကုန်းထားတဲ့မာကျောကျော
အသဲတွေနဲ့ ပြတ်သားလွန်းလှတဲ့စကားလုံးလေးတွေကိုစုစည်း မိုးအ
ဖြစ်နဲ့သာရွာချလိုက်တာလား။ တကယ်နာနာကျင်ကျင် တုန်ရီနေအောင်
ရွဲရွဲစိုနေတဲ့ ဒီမိုးခါးရေတွေအောက်ငါ့ခံစားချက်တွေကို မျောချလိုက်မိတယ်။

အပစ်မတင်ရက်ပါဘူး..ပေးထားသလို ပြန်မရနိုင်တော့တဲ့အခြေအနေ
ဘယ်လိုမှ ဆုံနိုင်ခွင့်မရှိတော့တဲ့ မျဉ်းပြိုင်နှစ်ကြောင်းရဲ့ ဦးတည်ချက်မှာ
ဘယ်သူက တကယ်နာကျင်သွားခဲ့ရသလဲဆိုတာ မစဉ်းစားချင်တော
့ပေမယ့် တနေ့မှမေ့လို့မရအောင် ကျန်ရှိနေတဲ့ ဒီအလွမ်းတွေကိုပဲသံစဉ်
စာသားတခုအဖြစ် သီကုန်းလို့ ကျမတယောက်တည်းအခန်းထဲမှာ ရေးဖွဲ့
ခဲ့ထားတဲ့သွေးစွန်းနှလုံးသားတစုံရဲ့ ဖွင့်အံချက်တွေပေါ့။


မျှော်လင့်ချင်သေးခဲ့ပေမယ့် မဖြစ်နိုင်ဘူးဆိုတာသိနေမှတော့ အလွမ်းတွေ
ကိုတော့ ဆက်လက်ရှင်သန်ခွင့်တော့ပေးခဲ့လှည့်ပါဦး။ ဘယ်သူမှမသိနိုင်တဲ့
ကျမတို့နှစ်ယောက်ပြိုင်ပွဲ မညာမတာဖြစ်ခဲ့လို့ အသေအလဲဖြစ်ခဲ့ရတာ
လေ။ ဟန်ဆောင်ကာမေ့ထားခဲ့ပေမယ့် လေပြေလာတိုင်းတိုင်တည်ခဲ့ဖူး
သော စကားတခွန်းကဆွံ့အသွားခဲ့ရ ကျမစကားသံတွေအစား
“ရှင့်ကိုချစ်နေဆဲ”ဆိုတာ ရှင်ကြားအောင်တော့ ပြောပြပေးနိုင်ပါရဲ့ ချစ်သူ.....။

Thursday, March 27, 2008

What a mother should be

By carlisa smith
********
A mother is the one who loves you

A mother puts no drug above you

A mother will never make you cry

A mother will never make you want to die

A mother will help you fight your fears

A mother will help you stop your tears

A mother will keep you safe and sound

A mother will never let you down

A mother will daily say I love you

A mother won’t say I hate you

A mother won’t wish you were dead

A mother won’t forget what you said

A mother won’t close the door

A mother won’t let you be poor

Now I ask you, do you have a mother?


အမေ့ဆီကအယူပဲသိတတ်ပြီး အပေးမရှိသောသားသမီးများအတွက်ပေါ့...။


အမေ့ရဲ့လက်တစုံ


အမေ့လက်တစုံ ကျောင်းတက်ဖို့ခေါ်ဆောင်

အမေ့လက်တစုံ မနက်ခင်းအတွက်သူမလှုပ်ရှား

အမေ့လက်တစုံ ကျမကိုမိုးသဲသဲအောက်ကုကာကွယ်

အမေ့လက်တစုံ ကျမကိုနေပူပူအောက်ကကာကွယ်

အမေ့လက်တစုံ တယုတယကိုင်တွယ်ခဲ့ကျမမျက်နှာ

အမေ့လက်တစုံ သုတ်ပေးခဲ့ကျမရဲ့မျက်ရည်

အမေ့လက်တစုံ ကြောက်ရွံ့ခြင်းမှ ကျမကိုကယ်တင်

အမေ့လက်တစုံ ယုယထွေးပွေ့မှုကိုကိုယ်စားပြုလို့

အမေ့လက်တစုံ သူမစားဖို့ဝေစု ကျမအတွက်ချပေး

အမေ့လက်တစုံ အပေးတာရှိပြီးအယူမရှိခဲ့သူ

အမေ့လက်တစုံ ရောင်စုံပွင့်တဲ့ပန်းတခင်းပါ အမေ

duncan wyllie ၏ Mother Hands ကဗျာအား ဘာသာပြန်ဆိုပြီးပြန်လည်ခံစားရေးဖွဲ့ သည်။

မင်းနှလုံးသားငါနဲ့အတူထာဝရ

အချိန်တွေရွေ့လျားသွားခဲ့ပေမဲ့

ငါသယ်ဆောင်ဆဲမင်းနှလုံးသားက

ငါနဲ့အတူအမြဲရှိနေခဲ့တယ်

တနေရာဆီဘယ်လောက်ပဲဝေးဝေး

ဟန်ဆောင်လိမ်ညာဆဲမင်းအပြုံးတုတွေ

ဘယ်လောက်ပဲဖြစ်ဖြစ်ငါ့အတွက်

နာကျင်နေခဲ့ပါစေ ငါ့နှလုံးသားကမင်း

လ တစင်းလိုဖျာနေဆဲ

နေတစင်းလိုသာနေဆဲ

မင်းအချစ်တွေကိုလည်း

ငါနှလုံးသားနဲ့သယ်ဆောင်ဆဲ။


မြန်မာပြည်အနာဂါတ်

မရောက်ဖူးတဲ့မြန်မာပြည် တခေါက်လောက်တော့ပြန်ကြည့်မိပါတယ် 2007မှာပေါ့
ခဏသွားတည်းတဲ့ တိုက်ခန်း က ဒုတိယထပ်လောက်မှာရှိတာ...
နေ့ ခင်းဘက်အရမ်းပူတော့ ခဏလောက် စာအုပ်ဖတ်ပြီး
အိပ်မက် စိတ်ကူး ရှိသေး...ဘုတ် ဘုန်း ဆိုပြီး
အသံကြီးက အကျယ်ကြီးဟာ.. ဟ..ဘာလဲဆိုပြီးထတောင်ပြေး
ချင်တာ... အိမ်ရှင်ကပြောတယ်... ဘာမှမဖြစ်ဘူး..အဲ့ဒါ
အပေါ်ထပ်တိုက်ခန်းက အမိုက်ထုတ်ပစ်ချတာတဲ့...
တိုးတက်အုံးမယ့်တို့ရဲ့ မြန်မာပြည်ကြီးလေ....

တခါ...အင်တာနက်ကဖေးကအပြင်ပြန်အထွက်မှာနောက်က
နေတကောက်ကောက်လိုက်နေတဲ့ကလေးတယောက်က ကျမအကျီစက
ိုစွဲပီး ပိုက်ဆံတောင်းနေတာ...အစကတော့မသိဘူးပေါ့နော်... ဘယ်ဟုတ်ပါ့မလဲ
သနားလို့ပေးမိကာမှအနောက်ကကလေးတွေတအုပ်ကြီးပြေးထွက်
လာပြီးလာတောင်းတာကြောက်တောင်ကြောက်သွားတယ် ဒါပေ
မယ့်ကြားလိုက်ရတဲ့အသံတသံကအသက်ရူတောင် မှားသွားမတတ်ပါပဲ... ဘာတဲ့....
လိုက်..လိုက်တဲ့... အဲ့ဒီမိန်းကလေးတွေကြည့်ရ တာ..ပိုက်ဆံထော
အသိုင်းအ၀ိုင်းကပဲတဲ့...ပြောလိုက်တဲ့ အသံက ကလေးအသံမဟုတ်
ဘူးဟ..ဘေးနားမှာရှိနေတဲ့ယောကျာ်းရင့်မကြီး... မိုက်ရိုင်းလိုက်တာရှင်...
လူကြီးတွေ ကိုယ်တိုင်က ကလေးငယ်တွေကို အဲ့လိုမြောက်
စားထားကြတာ...အဲ့ဒါ ကျမတို့ ရဲ့ မြန်မာပြည်ကြီးပေါ့.....

...... မြန်မာပြည်အနာဂါတ်ရဲ့ ကလေးတွေအတွက် ရင်လေးစရာ......

ပြည်သူတယောက်ရဲ့ခံစားချက်

~x( ~x( မြန်မာပြည်အကြောင်းပြောရမယ်ဆို အားငယ်နေတဲ့ ကလေးငယ်တွေရဲ့ မျက်ဝန်းကိုပြန်မြင် ယောင်နေမိတယ်... ရန်ကုန်တခေါက်ပြန်ပါတယ်... ကိုကြီးတို့ အမကြီးတို့ ရေ...နို့ ဆီဘူးလေးများ...ရေသန့်ဘူးခွံ လေးများ...ဖိနပ်စုတ်လေးများ... ရှိပါရင် ပစ်ချပေးကြပါ ကျေးဇူးရှင် ကိုးကြီးတို့ မကြီးတို့ ရေ.... ဆိုပြီး တလမ်းဝင် တလမ်းထွက် အမိုက်ပုံတွေဘေးက တကြော်ကြော်အော်နေတဲ့ ကလေးငယ်တွေ....

ဒါတွေဟာ ဖြစ်သင့်တဲ့အခြေအနေတခုလား.... ကိုယ်ပိုင်ကားကိုစီး... ပြည်သူတွေရဲ့ ချွေးနည်းစာတွေကိုအမြတ် ထုတ်... မြန်မာပြည်ရဲ့ သူတို့ ချမှတ်ပေးတဲ့ ပညာရေးကို သူတို့ သိတော့ သားသမီးတွေကို နိုင်ငံခြားပို့ ပညာသင် စေတဲ့အချိန်မှာ ပြည်သူတွေရဲ့ သားသမီးတွေက ဘာဖြစ်နေကြပြီလဲ... ကျောင်းတက်ရမဲ့အရွယ်က လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုး... လမ်းဘေးမှာ အစုတ်ပလုတ်တွေလိုက်ကောက်...အခုလည်း လုပ်လာပြန်ပြီ... ရွေးကောက်ပွဲပုံစံနဲ့ လူထုဆန်ဒခံယူပွဲ....ရီတောင်ရီချင်တယ်.. =)) =))

ဘယ်လောက်သနားစရာကောင်းတဲ့ တို့ မြန်မာပြည်သူပြည်သားတွေလည်း...ခေါင်းမရှိတဲ့ စစ်အစိုးရလက် အောက်မှာ မသေရုံတမယ် ခံနေကြရတာ.... ထမင်းတောင်နပ်မှန်အောင် မစားရတဲ့ဘ၀မှာ ရက်စက်မှုကတော့ အဆုံးမတတ်သေးဘူး.....

ပြည်သူတယောက်အနေနဲ့ ပြောချင်တာတွေကတော့အများကြီးပဲ... ပြောရမယ်ဆိုရင် ကုန်မှာတောင်မဟုတ် ဘူး... တလောကလုံးမှာ ရက်စက်ကြမ်းကြုတ်အယုတ်မှာဆုံးဆုကို တို့ ရဲ့စစ်အစိုးရက တကယ် ပျော်ရွင်ကျေနပ် နေပုံပဲ........... [-( [-(

Monday, March 24, 2008

မင်းလေးလိုအပ်ချိန်


တို့ နှစ်ယောက်ရဲ့ချစ်ခြင်း

တချိန်မှာပေါင်းဆည်းခွင့်

မရှိတော့မှန်းသိခွင့်ရချိန်မှာ

နာကျင်သွားတဲ့ဒီရင်ကို

အပြုံးတုတွေနဲ့ ဖုန်းကွယ်

တနေ့ နေ့ ဆိုတဲ့အချိန်တခုကို

ငါမမျှော်လင့်တော့ပါဘူး

ငါ့ချစ်သူမင်းလိုအပ်ချိန်မှာ

တချိန်ချိန်တော့ မင်းအနားမှာ

ရှိနေခွင့်ပေးပါ ချစ်သူ….

သင်္ကြန်တမ်းခြင်း

ရေခြားမြေခြားမှာနေ

ရောက်ပြန်ဦးမှာပေါ့ဒီနေ့ အခါသင်္ကြန်

စိတ်ကူးနဲ့ မှန်းမျှော်

ငါတနေ့ ပြန်နိုင်မှာပေါ့ ငါတို့ မြန်မာပြည်

ဖြေသိမ့်စိတ်နဲ့ အစဉ်တွေး

တစတစဆိုးရွားနေဲ့ အခြေအနေ

ရှင်လျက်နဲ့ သေနေတဲ့ ပြည်သူတွေကြား

ငါ့အလွမ်းစိတ်တွေကပို

နာကျည်းလိုက် ရင်နာလိုက်

ဝမ်းနည်းလိုက် ရှုပ်ထွေးလိုက်နဲ့ 

ထပ်ပြီးရင်ဆိုင်ဦးပေါ့

နှစ်သစ်တခုကို အဝေးဆီကပဲ….။

ရွာပါစေတော့မိုး

ရွာချလိုက်ပါမိုး

အစားထိုးလို့ မရ ယိုင်လှဲသွားတဲ့

အထီးကျန်နှလုံးသားတစုံကို

စိုအောင်ပဲ ရွာသွန်းလိုက်ပါ မိုးရယ်….

ကျေကွဲသွားတဲ့ဒီအသဲတွေက

ပြန်စဉ်းစားလိုက်တိုင်း

မနေ့ ကလိုပါပဲ

ပေးထားတဲ့ကတိတွေကိုဖျက်

ခြေရာပျောက်အောင်ပုန်းရှောင်သွားသူ

တကိုယ်လုံးရွဲရွဲစိုပါစေတော့

ရင်မှာတခဏအေးအောင်

ရွာသွန်းချလိုက်ပါတော့ မိုးရယ်……….

ဆုံမှတ်လေးတခု

ထမီလုံခြည်ပါးကွက်ကြားလေးတွေနဲ့ ဟိုဟိုဒီဒီ အပြေးအလွား ပြားပန်းခတ်အောင် အလုပ်အတွက်ရုန်းကန် လှုပ်ရှားနေသူတွေ… လက်ဖက်ရည်ကို ဇိမ်ဆွဲပြီး အရသာခံသောက်နေတဲ့သူ တွေ… ကွမ်းယာကိုတမြုံ့ မြုံ့ ဝါးပြီး အလုပ်အကြောင်းတွေ၊ အဆင်မပြေမှုတွေ၊ အလာပသလပပြောဆိုနေသူတွေ … ဆေးဆိုးပန်းရိုက် မျက်နှာ လေးတွေနဲ့ လှပဆန်းသစ်နေတဲ့ အမျိုးသမီး လေးတွေ ဒါတွေဟာ မြန်မာပြည်အလားမှတ်ထင်ရအောင် ကျင်လည်ကျက်စားနေတဲ့ ကျမတို့  မြန်မာပြည်သားတွေ တရုတ်နပ်စပ်တခုရဲ့ မရိုးအီနိုင်လှစွာသော မြင်ကွင်း လေးတခုပေါ့။

ကားဟွန်းသံတွေအဆက်မပြတ် အော်မြည်ဆူညံနေတဲ့ကြား လမ်းလျှောက်သွားရတာကို ကျမ နှစ်သက်တယ်.. ရာသီဥတုလေးကတော့ အရမ်းအေးပြီး အရမ်းပူတဲ့နေရာမဟုတ်တဲ့အတွက် ဖြစ်မယ်… ပြီးတော့ ကျမတို့ နေထိုင်လှုပ်ရှားနေရတဲ့ ထိုင်းနိုင်ငံလိုနေရာမျိုးထက်စာရင် အရမ်းကိုလွတ်လပ်ပါတယ်…. ထိုင်းမှာဆိုလမ်း လျှောက်ပြီဆိုတာနဲ့ ပထမဦးဆုံး ရင်ဆိုင်တွေ့ ကြုံရ မှာ အရွယ်အစားမျိုးစုံနဲ့ ခွေးပေါင်းစုံ … နောက်ဒုတိယ ကတော့ နေရာတကာမှာ ပေါ်ပေါ်လာ နိုင်တဲ့ ထိုင်းရဲတွေပဲ။ ထမီလေးသာ ၀တ်ပြီးလမ်းထပ်လျှောက်ကြည့်ဦး သေချာတာကဘတ်ဘယ်လောက်နဲ့တော့မသိဘူး ကံကောင်းရင်တော့ အချုပ်ခန်းနဲ့ ညားရင်ညား မညားရင် တော့ မြန်မာပြည်ကို ခွေးလိုဝက်လိုပြန်ပို့ ခံရပြီသာမှတ်….

ထိုင်းကိုတရားဝင် လာတာပဲဖြစ်ဖြစ်… တရားမ၀င် ၀င်ရောက်လာတာပဲဖြစ်ဖြစ် အလိုလိုနေရင်း တရားမ၀င် ဘ၀ကိုရောက်သွားရော… မြန်မာပြည်က တန်ဖိုးကြီးလှတဲ့ နိုင်ငံကူးလတ်မှတ် ကို ကိုင်ကိုင် သူတို့ စိတ်မထင်ရင် မထင်သလို အတုဆိုပြီး ဆွဲဖြဲလို့ ရတဲ့အခြေအနေ… မြန်မာနိုင်ငံ ကူးလတ်မှတ်နဲ့ သူများနိုင်ငံသွားကြည့် အထင် သေးပြီးကြည့်တဲ့ မျက်လုံးတွေ စိတ်အားငယ်မှု တွေဟာ ကိုယ့်ကို ဟိုးအဝေးအောက်ခြေတခုကိုတွန်းပို့ နေသလို ပါပဲ… ဒါပေမယ့် ကျမတို့ မှာဘာပြောခွင့်ရှိမှာလဲ… ဒီလိုဖြစ်ရတာက ကျမတို့ ကိုယ်ရွေမြန်မာနိုင်ငံရဲ့ အစိုးရက သိပ်ကိုအား ကိုးလောက်တာကိုး…

ဆိုဖာပေါ်မှာအကျအနထိုင်ပြီးပြည်သူတွေအကြောင်းကို စိတ်မ၀င်စားတဲ့လက်အောက်မှာ လူဖြစ်ရတာ တခါ တ လေကိုယ့်ကိုကိုယ်ရင်နာမိတယ်…. ဒါပေမယ့် ဘာတတ်နိုင်မလဲ ရှိတဲ့ဘ ၀ကိုပဲ ကျေနပ်နေရ တာ ပေါ့…ကိုယ့် တိုင်းပြည်ထဲက ပြည်သူတွေ ဘယ်လောက်အထိ သူများနိုင်ငံမှာ မျက်နှာငယ်စွာနဲ့  စွန့် စွန့်စားစားရောက်နေ ရလဲ… ဘာလို့ ကိုယ့်တိုင်းပြည် ကိုယ့်နိုင်ငံကိုစွန့်ခွာပြီးတော့ နေထိုင်နေကြရလဲဆိုတာ မမြင်ချင်ဟန် မကြားချင် ဟန်ဆောင်နေခဲ့တာ…

အခုလည်းကြည့်လေ… မြန်မာပြည်မှာ နေထိုင်ကြီးပြင်းခွင့်မရခဲ့သူ ကျမကိုယ်တိုင် အခုလက် ရှိရောက်ရှိနေတဲ့ နေရာဟာ ကိုယ့်မြန်မာနိုင်ငံကြီးလို့ တောင်ထင်နေမိတယ်…. ရင်ထဲမှာ ၀မ်း နည်းတာလား ကိုယ့်မြန်မာ ပြည် သားတွေနဲ့ တွေ့ ခွင့်ရလို့ ဝမ်းသာနေတာလား … လက်ရှိလူ တွေဖြတ်သန်းနေထိုင်နေရတဲ့ဘ၀ကို ရင်နာနေတာ လား ခံစားချက်အားလုံးပေါင်းစုစည်းနေလို့  အမည်နာမ တခုမဖော်တတ်တော့တာပဲဖြစ်ပါလိမ့်မယ်။

ညဘက်လမ်းလျှောက်ထွက်တော့လည်း လမ်းနံဘေးက ပျံကျညငှက်မလေးတွေရဲ့ ဆေးဆိုး ပန်း ရိုက်မျက်နှာ လေးတွေနဲ့  အိပ်တန်းတက်ဖို့ စောင့်နေကြတဲ့အလား သူတို့ အတွက် ဧည့်သည် တွေကိုစောင့်မျှော်နေကြရှာ တယ်… ဒါဟာ မြန်မာနိုင်ငံစနစ်စိုးလက်အောက်က ရရှိ လိုက်တဲ့ အခွင့်အရေးတခုနဲ့ အမွေအနစ်တခုလား… အဲ့ဒီမြင်နေရတဲ့ ပျံကျငှက်လေးတွေဟာ ကျမတို့ ရွေမြန်မာနိုင်ငံတော်ကြီးကမွေးဖွားပေးထားတဲ့ ငှက်ငယ် တွေပေါ့…. ဘယ်လောက်ရင် နာစရာကောင်းလိုက်တဲ့အဖြစ်လဲ…

ထောင်ပေါင်းများစွာသော မြန်မာပြည်သူပြည်သား ထဲမှာမှ ၁၈နှစ်အောက် မိန်းကလေးတွေရဲ့ ဦးရေဟာလည်း မနည်းလှပါဘူး။ ရည်ရွယ်ချက်မျိုးစုံ ရည်မှန်းချက်မျိုးစုံနဲ့ ဘ၀တခုလုံးကိုစ တေးပြီး ရောက်ရှိလာတဲ့ မိန်းကလေး တွေအများကြီးထဲမှာမှ တယောက်ကတော့

“သမီးက သိပ်ပညာတတ်ကြီးဖြစ်ချင်တာအမရယ်… ဒါပေမယ့် စီးပွားရေးအစဉ်မပြေလို့  အလယ်တန်းလောက် ကနေပဲ ကျောင်းထွက်လိုက်ရတာ… ကျောင်းတက်တုန်းက ပထမပဲ ရတာ…” ကျမနဲ့ သက်တူရွယ်သူ မိန်းက လေးတယောက်ရဲ့ အားတက်တရာပြောလိုက်တဲ့ သူ့ ရဲ့အနာဂါတ်ပါ…

ဒါပေမယ့် သူ့ ရဲ့အခုလက်ရှိလုပ်ကိုင်နေရတဲ့ အလုပ်အခြေအနေကို ပြန်ပြီး စဉ်းစားသွားမိ တယ်ထင်တယ်… တခဏခြင်းပြောင်းလဲသွားတဲ့ သူလေးရဲ့မျက်နှာ ခုနကလို ရွင်ပြပြီး တောက်ပမှုတွေမရှိတော့ပဲ အားငယ်ခြင်း တွေ… ဆုံးရူံးလိုက်ရခြင်းတွေ…သူဘာတွေခံစားနေရ ရှာမလဲ….

ဟိုးအဝေးတနေရာကိုလှမ်းကြည့်နေတဲ့ သူမရဲ့မျက်ဝန်းလေးတွေမှာ မျက်ရည်ကြည်လေးတွေစို့ လို့ …. ဟန် ဆောင်ပြီးပြုံးထားတဲ့ သူမရဲ့နူတ်ခမ်းလေးတွေဟာ ဟန်ဆောင်မှုမပီပြင်ပဲ တုန်ရီနေ ရှာတယ်… သူမကြည့် နေတဲ့တနေရာကို ကျမလိုက်ကြည့်မိတယ်… အကြည့်ချင်းတူနေခဲ့ပေ မယ့် သူမဘာတွေတွေးနေမလဲ… သူမရဲ့ အတွေး ကျမရဲ့အတွေးနှစ်ခု သီးခြားဆီဖြစ်နေမယ် ထင်ပါရဲ့ ….. ဒါပေမယ့် ကျမတို့ နှစ်ယောက်ရဲ့ အကြည့်လေး တွေက တနေနေရာ အရောက်မှာ တော့ ဆုံနိုင်ကောင်းပါရဲ့ …………..။

စွန့် လွတ်နိုင်ပါတယ်....

အထင်လွဲနေတာတွေကိုရုပ်သိမ်း

ဒီမှာရင်ကွဲနေပြီ

မဆိုင်သူတွေပြောတဲ့စကား

နာကျည်းချက်များစွာနဲ့  ငါ့ကို

သံသယတွေနဲ့ မကြည့်ပါနဲ့ လား ချစ်သူ…

သက်သေမရှိပဲဖြတ်တောက်

အကြောင်းပြချက်ကမပေး

မင်းရင်ထဲကအချစ်တွေ

ငါ့အတွက်မဟုတ်တော့ရင်လည်း

ရိုးသားစွာပဲ နူတ်ဆက်သွားလိုက်ပါ ချစ်သူ…

မင်းရင်ခွင် ငါ့အတွက်မဟုတ်တော့ရင်

မင်းလေးသဘောကျပါပဲ

ငါ့နှလုံးသားနဲ့ စတေး

မင်းကိုစွန့် လွတ်နိုင်ပါတယ်ချစ်သူ….

အလွမ်းတွေနဲ့ ပြည့်နှက်နေတဲ့ငါ့ဘဝ

မင်းမသိနိုင်အောင်ပဲ ကျေကွဲရင်း

တိတ်တဆိတ်ပဲ နေခဲ့ပေးပါမယ် ချစ်သူ…….။

Tuesday, March 4, 2008

အသဲကွဲညနေခင်း


ပြည့်စုံမှုမရှိတဲ့ငါ့ဘ၀ထဲ
မ၀င်လာဖို့ တားဆီးနေတဲ့ကြား
တဖြေးဖြေးတိုးဝင်ရောက်ရှိလာသူ့ 

သံယောဇဉ်ကြိုးတွေအထပ်ထပ်ရစ်ကာမှ
ရုတ်တရက်ဖြတ်တောက်သွားခဲ့သူ
ချစ်တတ်အောင်သင်ပေးခဲ့ပြီးမှ
အချစ်တွေပြန်ရုပ်သိမ်းသွားခဲ့သူရယ်

ကွဲရှသွားတဲ့အာရုံတခုနဲ့ 
ဖြတ်ကျော်ခဲ့ရ
ဒီအသဲကွဲညနေခင်းများ
တကယ်တမ်းဆိုလျေက်လှမ်းနေခဲ့ရ
ငါတယောက်တည်းပေါ့လမ်းမပေါ်မှာ့ 


သိမ်းထားဆဲပေါ့နေရာလေးတခု


မင်းမရှိလို့ မဖြစ်တဲ့ဘ၀ကိုသိလျက်
တမင်လုပ်ရက်သွားခဲ့သူ

မမြင်နိုင်တဲ့ကွယ်ရာတခုမှာ

ခိုးကျနေခဲ့ရ ဒီမျက်ရည်မိုးတွေ
တချက်လောက်ပေါ့ငါ့ရင်ကို
ပြန်လည်ဝင်ကာကြည့်
ဒီရင်ရဲ့တနေမှာတော့

အစားထိုးမှုတခုမလုပ်နိုင်ခဲ့ဘူး

ရင်ခွင်ဟောင်းလေးတခုက

မင်းအတွက်နေရာလေးကို
ငါအခုထက်ထိသိမ်းထားဆဲပေါ့ ချစ်သူ .....

လှည့်စားသွားသောအချစ်


မာနမျက်ရည်


လိုတာထက်ပိုသောအခါ

Monday, March 3, 2008

အဝေးပြေးထွက်ခွာသွားသူ


လေအဝှေ့ တချက်မှာ ရိုက်ခတ်သွားတဲ့ သံဇဉ်တပုဒ်က လှုပ်ခတ်သွားတဲ့ သစ်ပင်အိုနဲ့  ဝေ့၀ဲလာတဲ့ သစ်ရွယ်ခြောက်လေး တရွက်ကို ကျီစယ်သွားသရောင်။ ဘယ်ဆီရောက်နေ မှန်းမသိတဲ့ ခံစားချက်အတွေးပိုင်းစလေးတွေကို လေသယ်ဆောင်ရာပဲ အလိုက်သင့် လိုက်ပါနေမိခဲ့တယ်။ ရပ်နေပါလျက် မခိုင်တော့တဲ့ ဒီချေထောက်တွေ၊ အားတင်းထားပါ လျက် တုန်ရီနေတဲ့ ဒီနူတ်ခမ်းတစုံ၊ သုတ်နေပါလျက် ဆက်လက်ကျနေတဲ့ ဒီမျက်ရည်များ တကယ်ကိုနာကျင်လှပြီပဲ။


အတိတ်ဆိုတာကို ခဏလောက်မေ့ခွင့်ရခဲ့ရင်သိပ်ကောင်းမှာပေါ့။ ခံစားနေရတဲ့ နာကျင်ခြင်း ဝေဒနာတချို့ ကို ခဏလောက်တော့ ဖြေသိမ့်ခွင့်ပေးသင့်ပါတယ်။ အိပ်မက်လေးတခုကို မက်ခွင့်ပေးပြီးကာမှ တ၀က်တပျက်အိပ်မက်ထဲကနေ နိုးထခဲ့ရသူတယောက်အတွက် နှစ်သိမ့်မှုတခုကဘာတွေဖြစ်မှာလဲ။


တည်ငြိမ်နေတဲ့ကန်ရေပြင်ကို လိုင်းထန်စေခဲ့ပြီးမှ ဘာရယ်ကြောင့် အဝေးကိုရှောင်ဖယ် ပြေးထွက်သွားခဲ့ရတာလဲ။ “မဟုတ်ဘူး …. မဟုတ်ဘူး” လို့ ခေါင်းကိုခါ အကြိမ်ကြိမ်ငြင်း ဆန်ခဲ့ပေမယ့် တကယ့်လက်တွေ့ မှာတော့ အဝေးပြေးထွက်သွားသူတယောက်ကို ဘယ်မှာရှာဖွေရမယ်မှန်းမသိ တကယ်ကိုလမ်းစပျောက်ခဲ့ရသူပါ။


ဖြေရှင်းချက်လေးတခုလောက်တော့ ရခဲ့ချင်တယ်။ မယုံရဲခဲ့တဲ့ ဒီအနာဂါတ်မနက်ဖြန်တွေ အတွက် ကြိုတင်ပြင်ဆင်မှုတကယ်ကိုမရှိခဲ့သူမို့  ရုတ်တရက်ပြောင်းလဲသွားတဲ့ အခြေ အနေတခုကို ခံနိုင်ရည်မဲ့ ဇတ်သိမ်းတခုအဖြစ်ပြောင်းလဲသွားတဲ့ ဒီကျရူံးခန်းအတွက် အချိန်တွေကို နောက်ပြန်လှည့်ပစ်ချင်တယ်။


အိပ်မက်တခုကို လက်တွေ့ ကမ္ဘာကြီးဆီ ခေါ်ဆောင်ခွင့်တွေမပေး မျော်လင့်ချက်တွေနဲ့  နှလုံးသားတခုလုံးကို အရှင်လတ်လတ် ဆွတ်ခူးသွားခဲ့သူ…. ပေးဆပ်ခြင်းတွေနဲ့ ချစ်ခဲ့တဲ့ ငါ့ရဲ့အဖြူရောင် ချစ်ခြင်းတစုံတရာက မင်းဘ၀နဲ့ မတန်လို့ လား ….


စိတ်ကူးပုံဖော်ခဲ့တဲ့ ငါ့ရဲ့အနာဂါတ်ကမ္ဘာလေးဟာ တကယ်တမ်းတော့ မင်းနဲ့ အတူ ထာဝရ အတွက်ပေါ့… တကယ်တမ်း မချစ်တော့လို့ ရှောင်ဖယ်ပစ်ခွာသွားသူကိုတော့ အပစ်မတင် ရက်ပါဘူး … မချစ်တော့ဘူးဆိုမှတော့ ထားခဲ့လိုက်တာက အကောင်းဆုံး ဇတ်သိမ်းတခု ဖြစ်နိုင်ပါဦးမယ်တဲ့ ….မင်းနူတ်ဖျားက ဒီစကား မင်းတကယ်ပဲကျေနပ်နိုင်ပါစေ ချစ်သူ …


တွေဝေဟန်ဆောင်မှုတွေနဲ့  ပြည့်ကျပ်နေတဲ့ မင်းရဲ့ အပြုံးတုနှလုံးသား တစုံထဲ ကျရူံးခဲ့ရ ငါ့ရဲ့ ချစ်ခြင်းတစုံ ငါဘယ်တော့မှ နောင်တမရချင်ပါဘူးချစ်သူ …. ရင်ထဲမှာ ပြည့်ကျပ်နေ တဲ့ဒီခံစားချက်တွေကို ဖွင့်အံထုတ်လိုက်ချင်ပေမယ့် နှလုံးသားထဲက ဒီဝေဒနာရဲ့သံဇဉ်က ပေါက်ကွဲမှုသံစဉ်တခုဖြစ်လာမှာကို ငါမလိုလားဘူး ချစ်သူ ….


ငါနဲ့ အဝေးဆုံးတနေရာမှာရှိနေပြီးဖြစ်တဲ့ချစ်သူ… တပါးသူရင်ခွင်သစ်တခုမှာ ပျော်နေရှာပြီ ဖြစ်တဲ့ ချစ်သူ… ချစ်တယ်လို့ ထပ်ခါပြော မခွဲပါရစေနဲ့ လို့ အယုံသွင်း… မဝေးကြေးဆိုတဲ့ ကတိနဲ့ မာယာတွေသုံး ငါ့နှလုံးသားကို လှည့်စားသွားသူ ချစ်သူ တချိန်ချိန်မှာ ပြန်ဆုံ တွေ့  ခွင့်ရခဲ့ရင် ရင်နာနာနဲ့ မေ့လိုက်ပါတော့ ငါတို့ နှစ်ယောက်ရဲ့ တချိန်က ဇတ်သိမ်းမလှပခဲ့တဲ့ အလွမ်းဇတ်လေးတပုဒ် မင်းကိုယ်တိုင်ရွေးချယ်သွားခဲ့ပြီးမှတော့ …… ။


ငါ့ရင်ထဲ ပြန်မလာပါနဲ့ လို့ တကျော်ကျော် ငါအော်ဟစ်နေမိပေမယ့် ကျနေဆဲ ငါ့မျက်ရည် တွေ၊ ကြားယောင်နေဆဲ မင်းရဲ့အသံတွေ၊ နွေးထွေးနေဆဲ မင်းရဲ့အကြည့်တွေ၊ ရေးနေဆဲ မင်းအကြောင်းစပ်ထားတဲ့ ကဗျာတွေ၊ ပုံဖော်နေဆဲ မင်းရဲ့ ရုပ်ပုံလွာ တွေ၊ စတေးခဲ့ရ ငါ့အနာဂါတ်တွေ၊ မုန်တိုင်းထန်ခဲ့ ငါ့ရဲ့စိတ်ကူးယဉ်အိပ်မက်လေးတွေ တကယ်တမ်းဆို အလွမ်းများနဲ့ စိတ်ကူးယဉ်ကမ္ဘာလေးထဲ ရူးသွပ်နေဆဲ ကျန်ရစ်သူမှာ ငါတယောက်တည်း ဖြစ်ပါစေတော့ ချစ်သူရယ် …..။

"Magical Template" designed by Blogger Buster