Thursday, May 29, 2008

ချစ်ဥယျာဉ်

လမ်းဆန်းတဲ့အနမ်းသစ်လေးတွေနဲ့….

ဥယျာဉ်မှူးတို့နှစ်ယောက်

စိမ်းလမ်းတဲ့အချစ်ပန်းဥယျာဉ်လေးတစ်ခု

ပျိုးထောင်လို့တို့ပြုစုခဲ့ပြီပေါ့..။

အနမ်းချိုချိုလေးတွေကို

ခွန်အားသစ်တွေအဖြစ်နဲ့ပျိုး…

တို့ရင်ထဲကအချစ်ပန်းခင်းလေးလဲ

ခုဆို….နှစ်တွေကျော်ဖြတ်ခဲ့ပြီနော်

ဘ၀ရည်မှန်းချက်တွေကိုစိုက်ထူ

တို့နှစ်ယောက်ရဲ့ဥယျာဉ်လေးကို

အကြင်နာအားတွေနဲ့တူးဆွလို့…

ဘယ်သူခွဲခွဲတို့မဝေးကြေးဆိုတဲ့စကားလေးတွေက

လိပ်ပြာလေးတွေအလားပျံဝဲ…။

တို့ရဲ့ချစ်ဥယျာဉ်လေး

ခြောက်သွေ့မသွားစေဖို့

တို့များရင်နဲ့ရင်းကြစို့လားချစ်သူ…။


BY: ကောင်လေး


သံသယများ၏သားကောင်


မောင်…ချစ်ကိုလွမ်းလားတဲ့…

ရင်ကိုတစ်ရစ်ချင်းတင်းစေခဲ့တဲ့စကားလေးတွေ။

မောင်…ခွဲမသွားနဲ့နော်တဲ့…

ကြင်နာမှူတွေတိုးစေခဲ့စကားလေးတွေ။

မောင်…တစ်သက်လုံးချစ်နော်တဲ့….

စွဲလမ်းမှူတွေပေးခဲ့စကားလေးတွေ။

ခုတော့….အဲဒီစကားလေးတွေ

လေထဲပျံဝဲလို့သွားပြီလား

ဘယ်တော့မှမနိုးထချင်ခဲ့တဲ့အိပ်မက်လေးလဲ

မနက်အာရုံနေရောင်ခြည်လေးနဲ့

မြူနှင်းလိုပျောက်ကွယ်ခဲ့ပြီလား။

အေးချမ်းတဲ့အိပ်မက်လေးထဲကနေ

ဘယ်တော့မှနိုးမထချင်ပေမဲ့

သံသယဆိုတဲ့ဆူညံသံတွေက

ငါ့နှလုံးသားကိုနိုးထစေခဲ့ပြီချစ်သူ….။

BY: ကောင်လေး


အချိန်များကြာပါပြီ

အလွမ်းတွေကတော့

အိုဟောင်းလို့မသွားပြီ

သူ့အကြောင်းကိုပြန်စဉ်းစားတိုင်း

သူ့အကြောင်းကိုသတိရတိုင်း

နှလုံးသားကသိနေပါသည်

သူ့အပေါ်ထားတဲ့ငါ့အချစ်များ

ပျောက်ဆုံးမသွားတဲ့အကြောင်း

သူသိအောင်ပြောနိုင်ဖို့

အချိန်များကိုစောင့်လို့

အလွမ်းညခရီးများကိုဖြတ်လို့

အရင်ကလိုထွေးပွေ့ထားဖို့

အလွမ်းပြာနေ့ရက်များနဲ့အတူ

စောင့်လို့နေပေါ့ ချစ်သူ….

Wednesday, May 21, 2008

ဒဏ်ရာတွေအလယ်မှာ

ခံစားမှုဒဏ်ရာတခု

အချိန်နဲ့ကုစားနိုင်ဖို့

ငါ့ဘ၀တခုလုံးနဲ့ရင်း

ဒဏ်ရာတွေအလယ်မှာ

ငါတယောက်တည်းစောင့်ရင်း

ကုန်လွန်ခဲ့တဲ့အချိန်တွေကို

ရက်စွဲအလိုက်ရည်တွက်ခဲ့ပေမယ့်

မမေ့နိုင်တဲ့မင်းရဲ့အကြောင်း

ပြန်ပြောင်းသတိရဆဲမင်းအကြင်နာ

ရင်မှာစူးရှဆဲမင်းအမုန်း

တရွေ့ရွေ့ကုန်လွန်ခဲ့တဲ့

အချိန်နာရီစက္ကန့်တွေကသာ

ငါ့နှလုံးသားတခုလုံးကို

တမြေ့မြေ့တိုက်စားလို့

ဘယ်အချိန်ကုစားလို့

ပျောက်ကင်းနိုင်မှာလဲ

တကယ်ဆိုတယောက်တည်း

အထီးကျန်ပြီးကျန်ရစ်ခဲ့သူငါ

ဒဏ်ရာတွေအလယ်မှာမင်းကိုတမ်းတနေဆဲလေ…။

အကျဉ်းချခွင့်


အိပ်မက်တိုင်းသာ

စစ်မှန်မှုတခုဖြစ်နိုင်မယ်ဆိုရင်

အဲ့ဒီအိပ်မက်လေးတခု

ငါတကယ်ပြန်မမက်ချင်ဘူး ချစ်သူ …

စိတ်ကူးယဉ်မှုတခုတိုင်းဟာ

ရူးသွပ်မှုတခုဖြစ်ခဲ့ရင်

အဲ့ဒီရူးသွပ်မှုတခုနဲ့အတူပဲ

ငါရှင်သန်နေချင်တော့တယ် …

မလှပခဲ့ရတဲ့ငါ့ရဲ့

အချစ်အိပ်မက်တွေအတွက်

အပစ်မဲ့တဲ့ငါ့အချစ်

မင်းအတွက်ထာဝရ

အကျဉ်းချထားခွင့်ပြုပါတော့ ချစ်သူ….


Thursday, May 15, 2008

သေချာုကည့်လေးမြင်လေပါ


















တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့
မြေငလျင် လှုပ်ပြီး
(၂)ရက်အ
ကြာမှာ မြင်ရတဲ့ မြင်ကွင်းလေး
တခု
ပါ။

သူများနိုင်ငံမှာ လူတယောက်ရဲ့
အသက်ကိုဘယ်လိုတန်ဖိုးထား
တယ် ကူညီစောင့်ရှောက်မှု တွေပေး
နေလဲဆိုတာ ဒီလိုပုံလေးက သက်
သေပြနေပါတယ်ရှင်။


ဘယ်နိုင်ငံ၊ ဘယ်အစိုးရက ဘယ်လောက်ပဲ
ဆိုးတယ် ရက်စက်တယ် ပြောပြော ကျမတို့
ရွှေမြန်မာနိုင်ငံကိုအုပ်ချုပ်နေတဲ့  ကျမတို့
ရဲ့ကယ်တင်ရှင်ကြီး စစ်ဘီလူးလောက်တော့
ဘယ်နိုင်ငံကမှ ပြည်သူတွေအပေါ်မှာ သိတတ်
ကြင်နာတတ်လိမ့်မယ် မထင်ပါဘူး။


ကျမတို့ ရဲခေါင်းဆောင်များရဲ့ ရုဏ်ယူချင်စရာ
ကောင်းလောက်တဲ့ ပြည်သူတွေအပေါ် သိ
တတ် ကြင်နာတတ်မှုတွေကို အောက်ပါပုံ
လေးက သက်သေထူလို့ ပေါ့ရှင် …။

မုန်တိုင်းအပြီး (1) ပတ်အကြာမှာ မြင်တွေ့ရတဲ့ ကျမတို့ ပြည်သူများရဲ့မြင်ကွင်း၊

Thursday, May 8, 2008

တိတ်တိတ်ကလေးပါပဲ


ကိုယ်မြတ်နိုးတဲ့ပန်းလေးတပွင့်

အတွေ့နောက်ကျခဲ့မိလို့

တပါးသူရင်ခွင်ထဲမှာရှိနေခဲ့ပြီမို့

ဝေးဝေးကလှမ်းကြည့်နေရုံနဲ့ပဲ

ကိုယ်တိတ်တိတ်ကလေးပါပဲ

သူမသိအောင် ငေးကြည့်နေရင်း

တိုးရစ်တွယ်နှောင်လာတဲ့

ဒီသံယောဇဉ်လေးတွေကို

ကောင်မလေး သိနိုင်ပါ့မလား ….


ကြိုးစားပြီးထုတ်ပစ်နေမိကာမှ

တရစ်ရစ်တင်းလာတဲ့ချည်နှောင်မှု

ချစ်စရာ့သူ့အမှုအရာလေးတွေက

ကိုယ့်အိပ်မက်လေးတိုင်းကိုစိုးမိုး

ကိုယ့်အသိအာရုံထဲမှာလွမ်းမိုး

ကြည့်လိုက်တိုင်းအနားနားသူရှိနေ

အထင်ကရတွေနဲ့ကိုယ့်ကို

တသက်လုံးမနိပ်စက်ပါနဲ့ 

ချစ်တဲ့မိန်းကလေးရယ်……


ကိုယ်ကိုတိုင်မပျိုးခဲ့ပေမယ့်

အမှတ်တမဲ့နဲ့တွေ့ရှိခဲ့တဲ့

ဒီအရိုင်းပန်းပွင့်လေးတပွင့်က

ဆိုင်သူရှိနေမှန်းသိလိုက်ချိန်မှာ

မျှော်လင့်ချက်တို့တခဏတာပျက်သုန်း

အိပ်မက်ကလေးများပျယ်လွင့်ပေမဲ့

ဒီရင်ထဲမှာ မင်းရှိနေဆဲဆိုတာ

မင်းမသိအောင်ပဲ တိတ်တဆိတ်

ခံစားခွင့်ပြုပါ ကောင်မလေး…..


PS: သူငယ်ချင်းလေးတယောက်ရဲ့ တောင်းဆိုမှုဖြင့်

ရေးသားပေးခြင်းဖြစ်ပါသည်။

မင်းအတွက်ဆို

မိန်းကလေးတယောက်မို့

ဟန်ဆောင်မျိုသိပ်ထားရမှာလား

ထူးဆန်းလွန်းတဲ့ဒီခံစားချက်

မလွန်ဆန်နိုင်တဲ့ရင်ခုန်နှုန်း

အချိန်တိုင်းပေးဆပ်ရင်းနဲ့

ကြည်နူးမိနေသူကိုမှ

လုပ်ရက်လေချင်းရယ်လို့

တွေးမိတိုင်းလည်း ပြန်လည်

ရင်နာနေခဲ့မိတာကိုတော့

ကိုယ့်အပြစ်နဲ့ကိုယ်မို့

ကိုယ့်မာနတခုလုံးကိုပဲ

မင်းအတွက်လမ်းခင်းလို့

မင်းရှေ့ဒူးထောက်ကျရှုံးခွင့်ပြုပါတော့ ချစ်သူ…


Wednesday, May 7, 2008

Coffee & Kyalsin

ဒီနေ့စိတ်ကူးပေါက်လာလို့ ကျမကြိုက်နှစ်သက်တဲ့အရာတွေအကြောင်း
ပြောချင်လာတယ် ... စာဖတ်သူတွေအနေနဲ့စိတ်ဝင်စားချင်မှ စိတ်ဝင်
စားလိမ့်မယ်ပေါ့..။ စိတ်မ၀င်စားဘူးဆိုလည်း အပစ်မတင်ရက်ပါဘူး...။

ပထမဦးဆုံးပြောပြချင်တာကတော့ ကျမသိပ်ကြိုက်တဲ့ ကော်ဖီအကြောင်း
လေးပါ။ ထူးတော့မထူးဆန်းပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူတော်တော်
များများက ကော်ဖီကိုသောက်ကြတာကိုး ... ။


ကျမကော်ဖီကို Latte ကော်ဖီမျိုးကို သိပ်ကြိုက်တယ်။ ဒါပေမယ့် ကော်ဖီ
ကိုစွဲသွားတဲ့ သူတယောက်ထဲမှာတော့ မပါဘူး။ ဒါပေမယ့် မသောက်ဘူး
လို့ဆုံးဖြတ်ထားရင်တောင် တခွက်လောက်ဖြစ်ဖြစ်သွားဖြစ်သွားတယ်။

စွဲတာတော့ဟုတ်ဘူးနော်။ ကြိုက်လို့သောက်တာ။ တစုံတယောက်ကို
တွေ့ဖို့နေရာချိန်းလိုက်ရင်လည်း ကော်ဖီဆိုင်လေးကို အရင်ဆုံး သွားသွား
ပြေးမြင်မိတယ်... ဒါကလည်း ကော်ဖီကြိုက်တတ်တဲ့ရောဂါလေးပေါ့။
ကြယ်စင်လေးကို ခင်ချင်သူများ သို့ မဟုတ် တွေ့ ချင်သူများ ကော်ဖီဆိုင်
ကိုသာဖိတ်လိုက် 40 ရာခိုင်နှုန်းလောက် စဉ်းစားပေးမယ်လို့ သတင်း
ကောင်းပါးလိုက်ပါရစေ

*****************************************************

နောက်တမျိုးကတော့ အရုပ်
လေးတွေကို တအားချစ်တယ်
ကြိုက်တယ်။ shopping သွား
ရင် အရုပ်ဆိုင်လေးတွေရှေ့
ကိုရောက်သွားတိုင်း စိတ်က
ပြန်မထွက်ချင်တော့ဘူး။

အခုကျမ နေနေတဲ့အခန်း
လေးကတော့ သိပ်မကျယ်
ရှာဘူးလေ။ ကျမဆီမှာရှိ
တဲ့အရုပ်လေးတွေကများ
တော့ ထပ်ဝယ်ဖို့ဆိုတာ
သိပ်မလွယ်ရှာဘူးပေါ့နော်။
ပြီးတော့ ကျမက ထူးဆန်းတာတွေ ထူးခြားတာတွေဆို သိပ်
သဘောကျတတ်တယ်။ သူများကိုလည်း ထူးထူးဆန်းဆန်း
surprise လုပ်ရတာကို သိပ်ကြိုက်တယ်။ သူများမထင်
မှတ်ထားဘူး မျှော်လင့်ထားတာမရှိဘူးဆိုရင် သူတို့သိပ်
ပျော်သွားတတ်ရင် ကျမလည်း အရမ်းပျော်တယ်လေ။

အမှန်အတိုင်းဝန်ခံရရင် ကျမဆီမှာရှိတဲ့ ရုပ်ကြီးတွေ
ရော၊ အရုပ်ငယ်ငယ်လေးတွေက ကျမကိုယ်တိုင်ဝယ်
ထားတာ တခုမှကိုမပါတာ။ ဟီး ဟီး... ကျမကို နေရာ
တကာက ကျမအရုပ်ကို သိပ်ချစ်တတ်လို့တဲ့  လက်ဆောင်
ပေးထားကြတာ။

အရုပ်ကလေးတွေရှိတာ သိပ်ကောင်းတယ်။ မယုံရင် စာဖတ်
သူတွေလည်း အရုပ်ကလေးတွေ သိမ်းထားကြည့်ပါလား။ တခါ
တလေ အပြင်ကနေ ဒါမှမဟုတ် အလုပ်ကနေ အဆင်မပြေလာ
တဲ့အချိန် စိတ်ကမကြည် ဒေါသထွက်နေတဲ့အချိန်တွေမှာ
အမွေးပွပွနဲ့  အရုပ်ကလေးတွေကို ကိုယ်ကြည့်။ သူတို့ အသားလေး
တွေက သိပ်ကိုနူးညံ့တော့ ကိုယ့်စိတ်တွေပြန်နူးညံ့သွားတတ်ရော။

****************************************************

ဆက်ရန်ရှိသည်.....။

မင်းအတွက်အဆင်သင့်


မဖြစ်နိုင်တာသိလျက်နဲ့ 

သံယောဇဉ်တွေကိုချည်နှောင်

မဖြစ်သင့်ဘူးသိလျက်နဲ့ 

မင်းဘက်ကငါ့ကိုလှည့်စား

ငါ့ရင်ကိုစုတ်ပြတ်သတ်နေအောင်

မင်းရက်စက်စွာအသုံးချ

မင်းပျော်ရွှင်ဖို့အတွက်နဲ့

ငါ့နှလုံးသားကိုအရုပ်တခုလိုကစား

ဘာတွေမှန်းမသိပေမယ့်

ငါရှေ့ဆက်တိုးမိခဲ့တာပဲ

လိမ်ညာနေမှန်းသိနေလျက်နဲ့

ငါသိပ်ချစ်မိနေခဲ့တာပဲ

မာယာတွေမှန်းသိနေလျက်ပဲ

ငါနောက်ဆုတ်ဖို့မှမစဉ်းစားခဲ့တာပဲ

အချစ်တွေကိုခါးသီးသွားအောင်

လှည့်စားမှုတွေနဲ့ဖျော်စပ်ခဲ့တယ်

ပြိုင်ပွဲမဟုတ်ပေမယ့်အနိုင်လိုချင်ခဲ့ရင်

ငါသိပ်ချစ်ခဲ့မိတဲ့မင်းအတွက်

အရှုံးပေးရင်းအသဲကွဲခံဖို့အဆင်သင့်ပါ ချစ်သူ ….



Tuesday, May 6, 2008

ခိုနားခွင့်လေးပေး


ဝေးဝေးကမင်းကိုလှမ်းကြည့်ရုံလေး

တိုးတိုးလာခဲ့ငါ့ရဲ့အလွမ်းများဟာ

ကြာကြာသိမ်းဆည်းထားရင်း

ရူးမတတ်ဖြစ်လာတဲ့ ငါ့ရဲ့အဖြစ် …

မင်းအကြောင်းစဉ်းစားတိုင်း

နွေးထွေးလာတဲ့ငါ့ရင်ခှုန်နှုန်း

မျှော်လင့်ချက်တွေက

ငါ့အိပ်မက်တွေကို လှပစေပြန်တယ် …

အိပ်မက်တခုက တချိန်

ငါ့အသဲကိုနာကျင်စေမှာသိပေမယ့်

မင်းကိုယ်တိုင်မသိလိုက်တဲ့

နှောင်ကြိုးလေးတမျှင်က

အထပ်ထပ်ချည်နှောင်

ရုန်းထွက်ဖို့တကယ်ကိုခက်နေပါပြီ …


မျှော်လင့်ချက်တခုက

ငါ့ကိုပူလောင်စေပါပြီ

မင်းရဲ့အချစ်မင်းရဲ့အကြင်နာ

မင်းရဲ့ရင်ခွင်လေးထဲ

ခဏလောက်တော့ခိုနားချင်ပါပြီ ချစ်သူ ….

Monday, May 5, 2008

Without reason




ဆုံမှတ်တခုမရှိပါပဲ
စမ်းတ၀ါးဝါးနဲ့လျှောက်လှမ်း
လမ်းခွဲလေးတခုမရောက်ခင်
ဝေးကွာခြင်းအနှံ့အသက်လေးကိုရှိုက်နမ်း
မဖြစ်နိုင်တော့ဘူး
မဆုံနိုင်တော့ဘူး
မနီးစပ်နိုင်တော့ဘူးဆိုတာသိနေမှတော့
နှုတ်ခမ်းတစုံကိုစေ့
ခေါင်းကလေးအသာညိတ်ပြီး
ကျလုလုမျက်ရည်စက်တွေကိုအားတင်း
အံကိုတင်းတင်းကြိတ်
ချစ်သူတယောက်ရဲ့စွတ်စွဲချက်တွေ
နှလုံးသားကိုတစဆီဖဲ့ချွေနေပေမယ့်
မသိချင်ဟန်ဆောင်
ဝမ်းနည်းမှုကိုအခါခါမျိုချ
တခါတလေတော့လည်း
ဖြစ်သင့်တာတခုကိုလုပ်လိုက်ဖို့အတွက်

အကြောင်းပြချက်ရှိနေဖို့မှ မလိုတာပဲ ချစ်သူရယ်…

Because of you


တသက်မှာတခါ

တခါမှာတခေါက်

တခေါက်မှတခေါက်ဆိုရုံ

အနာကျင်ဆုံးရွာချလိုက်တဲ့

ငါ့နှလုံးသားထဲက အက်စစ်မိုးတွေ

အခုတော့ငါ့နှလုံးသားလည်း

မင်းကြောင့် စုတ်ပြတ်သတ်လို့  … ၊

Friday, May 2, 2008

ချစ်နေခွင့်ရရုံလေး


ဒဏ်ရာများနဲ့နာကျင်နေပေမယ့်

အလွမ်းများနဲ့ရူးသွပ်နေပေမယ့်

မျက်ရည်များနဲ့ငိုရှိုက်နေပေမယ့်

နာကျည်းဖို့ကြိုးစားတိုင်းလည်း

ငါ့ဘက်က အကြိမ်ကြိမ်ရှုံးနိမ့်

ဘာမဆိုမင်းအတွက်ဆို

ရှုံးနိမ့်မှုများနဲ့သာငါ့ဘ၀ကို

မင်းကိုချစ်တဲ့အချစ်တခုတည်းက

နှလုံးသားတခုလုံးပေးဆက်ရင်းနဲ့

ဆက်ချစ်နေခွင့်ပြုလှည့်ပါ ချစ်သူ … ။

"Magical Template" designed by Blogger Buster