Friday, February 29, 2008
ကဗျာ ၃
Why do I have to fight???
(By Daw Aung San Suu Kyi)
They killed my father a year ago,
And they burnt my hut after that
I asked the city men "why me?" they ignored
"I don't know, mind your business," the men said.
One day from elementary school I came home,
Saw my sister was lifeless, lying in blood.
I looked around to ask what happened, if somebody'd known,
Found no one but living room as a flood.
Running away by myself on the village road,
Not knowing where to go but heading for my teacher
Realizing she's the only one who could help to clear my throat,
But this time she gave up, telling me strange things in fear.
Why, teacher, why.. why.. why?
I have no dad nor a sister left.
To teach me and to care for me you said, was that a lie?
This time with tearful eyes she, again, said...
"Be a grown one, young man,
Can't you see we all are dying?
And stop this with your might as soon as you can,
For we all are suffering."
Posted byုကယ်စင်လေး at 4:07 PM
Labels: ဒေါ်အောင်ဆန်းစုကြည် ♦comments (0)
မိန့် ခွန်း (၄)
"In our country, there are many races living together, but we have not been able to live together in peace because the situation does not exist where we can trust each other. So trust is a basic element for peace"
Posted byုကယ်စင်လေး at 3:31 PM
Labels: ဒေါ်အောင်ဆန်းစုကြည် ♦comments (0)
ကဗျာ
(By Daw Aung San Suu Kyi)
In the Quiet Land, no one can tell
if there’s someone who’s listening
for secrets they can sell.
The informers are paid in the blood of the land
and no one dares speak what the tyrants won’t stand.
In the quiet land of Burma,
no one laughs and no one thinks out loud.
In the quiet land of Burma,
you can hear it in the silence of the crowd
In the Quiet Land, no one can say
when the soldiers are coming
to carry them away.
The Chinese want a road; the French want the oil;
the Thais take the timber; and SLORC takes the spoils…
In the Quiet Land….
In the Quiet Land, no one can hear
what is silenced by murder
and covered up with fear.
But, despite what is forced, freedom’s a sound
that liars can’t fake and no shouting can drown.
Posted byုကယ်စင်လေး at 3:28 PM
Labels: ဒေါ်အောင်ဆန်းစုကြည် ♦comments (0)
မိန့် ခွန်း (၃)
"It is not power that corrupts but fear. Fear of losing power corrupts those who wield it and fear of the scourge of power corrupts those who are subject to it.”
Posted byုကယ်စင်လေး at 3:13 PM
Labels: ဒေါ်အောင်ဆန်းစုကြည် ♦comments (0)
မိန့် ခွန်း (၂)
“It is not enough merely to call for freedom, democracy and human rights. There has to be a united determination to persevere in the struggle; to make sacrifices in the name of enduring truths; to resist the corrupting influences of desire, ill will, ignorance and fear.”
Publish Post
Posted byုကယ်စင်လေး at 3:05 PM
Labels: ဒေါ်အောင်ဆန်းစုကြည် ♦comments (0)
မိန့် ခွန်း(၁)
“ပြည်ထောင်စုအကျိုးကို ကိုယ့်ဒေသအကျိုးထက်ပိုအရေးထားရမယ်။ ဗမာများဟာ ဗမာအကျိုးအတွက်မဟုတ် ဘူး။ ကချင်များဟာ ကချင်တွေရဲ့အကျိုးအတွက်မဟုတ်ဘူး။ တိုင်းရင်းသားလူမျိုးစုအားလုံးက ပြည်ထောင်စု အကျိုးအတွက်ဆိုတဲ့ စိတ်ဓါတ်နဲ့လုပ်ဖို့လိုပါတယ်။ ကျမတို့လွတ်လပ်ရေးရပြီးတဲ့ခေတ်မှာ ဒီတိုင်းပြည်မတိုး တက်တာဟာ ညီညွတ်မှုမရှိလို့ပဲ။ ကျမတို့မှာရှိတဲ့နိုင်ငံသူနိုင်ငံသားတွေဟာ ကိုယ့်အကျိုးထက်တိုင်းပြည်အ ကျိုးကိုရှေ့ မထားလို့ ကျမတို့  တိုးတက်မှုမရှိခဲ့ဘူးလို့ ထင်ပါတယ်"
Posted byုကယ်စင်လေး at 2:23 PM
Labels: ဒေါ်အောင်ဆန်းစုကြည် ♦comments (0)
Thursday, February 28, 2008
ထွက်ပြေးပုန်းရှောင်သူ
ခံစားလိုက်ရတာလား
မှားယွင်းမှုတခုအဖြစ်တော့
မသတ်မှတ်ချင်ပါဘူး ချစ်သူ့ 
စိတ်ကူးနဲ့ ပဲငါ ရူးသွပ်နေခဲ့မိ
ငါ့ရင်ထဲကိုနင်ဝင်လာပြီး
ဒဏ်ရာတွေကိုထားပစ်ခဲ့
နီးစပ်နိုင်ဖို့ ကြိုးစားနေရင်း
တဖြေးဖြေးနဲ့ ငါ့အနားကမင်း
ထွက်ပြေးပုန်းရှောင်ခဲ့
ကျခဲ့ငါ့မျက်ရည်တွေကိုတောင်မေ့
ရရှိခဲ့ဒီအလွမ်းဝေဒနာတွေက
မင်းပြန်လာနိုးနိုးနဲ့ ပေါ့ ။
ကြယ်စင်လေး
Posted byုကယ်စင်လေး at 10:07 AM
Labels: ကဗျာ ♦comments (1)
မင်းသဘောကျ
အနိုင်ယူတာလား
ခွင့်လွတ်ထားမှန်းသိလို့ 
ဒီတခါ မင်းပစ်ခွင်းတဲ့မြှား
အဆိပ်တွေနဲ့ ပြည့်နှက်ခဲ့ပေါ့
မချစ်တော့ဘူးဆိုရင်လည်း
မင်းသဘောပဲထားခဲ့လိုက်ပါ
ငါ့အတွက်အချစ်မရှိတော့တဲ့
မင်းနှလုံးသားတစုံကို
မက်မောနေလျက်ကနေပဲ
ဖြူစင်တဲ့ငါ့အချစ်တွေက
မင်းစိတ်တိုင်းကျ
အဝေးကိုလွတ်လပ်စွာပျံသန်းစေခဲ့ပြီ ချစ်သူ့ ။
Posted byုကယ်စင်လေး at 9:39 AM
Labels: ကဗျာ ♦comments (0)
Wednesday, February 27, 2008
အလှည့် စားခံငါ့နှလုံးသား
မင်းပေးတဲ့အမုန်းတခုတည်းပါ့ 
ဘ၀ကတချိန်ချိန်မှာ ငါ့ကိုလှည့်စား
ငါမလိုချင်ဆုံးအရာကိုမှ
ငါ့အတွက်လက်ဆောင်တခုတဲ့လာ့း့ 
အဝေးဆုံးရဲ့ အဝေးဆုံးကိုပြေးထွက်သွားချင်ပေမယ့်
မပြီးဆုံးသေးတဲ့ ငါ့အိပ်မက်ရှည်အတွက်
မျော်လင့်ချက်တခုကို အဖော်ပြုလို့ 
မူန်ရီရီငါ့အနာဂါတ်တွေအတွက်
ငါလမ်းဆက်လျှောက်နေပါဦးမယ့့် ။
ကြယ်စင်လေး
Posted byုကယ်စင်လေး at 2:31 PM
Labels: ကဗျာ ♦comments (0)
ကျမနဲ့  1988
1988 လို့ ပြောလိုက်ရင် သြဂုတ်လ 8 ရက်နေ့ ဟာ မြန်မာပြည်သူလူထု တရပ်လုံး မမေ့နိုင်တဲ့ နှလုံးသားထဲမှာ စွဲထင်နေတဲ့ နေ့ ရက်အဖြစ်အပျက် လေးတခု၊
မိန်းကလေးတယောက့့်  1988 ဂျူလိုင် 2 ရက်နေ့ မှာ စတင်ပြီး လူ့ လောကအ လယ်ကိုရောက်ရှိလာသူလေးပေါ့၊ ဒါပေမယ့် ဘ၀တခုက မြန်မာပြည်မှာမွေး မြန်မာပြည်မှာ ကြီးပြင်းခွင့်မရသလို ပါမုန့် ထောပတ်စားပြီး ပညာတွေကောင်း ကောင်းသင်ခွင့်ရတဲ့ အခွင့်အရေးအပြည့်အ၀ရတဲ့ နိုင်ငံကြီးတွေမှာလည်း ကြီးပြင်းခဲ့တာမဟုတ်ဘူ့း့ ၊
စနစ်ဆိုးတခုရဲ့လက်အောက် လူမဆန်တဲ့ စစ်ဘီလူးတွေရဲ့ အမိန့် တွေအောက် မှာ လူမဆန်စွာပဲ တတောဝင်တတောင်ထွက် ငတ်တခါပြတ်တလှဲ့  စားစရာ ထမင်းမရှိ၊ သောက်စရာ ရေမရှိတဲ့ဘ၀မှာ အလင်းမရှိ အမှောင်အတိဘ၀ကို ဖြတ်ခဲ့ရတယ်။ အဲ့ဒါ ကလေးငယ် တယောက်ရဲ့ အနာဂါတ် နမိတ်ပုံတွေလား။
နိုင်ငံတနိုင်ငံရဲ့ အနာဂါတ်ကိုသိချင်ရင် စာသင်ခန်းထဲကိုသွားကြည့်လို့  ကြားဖူးတယ်။ ဒါပေမယ့် စာသင်ခန်းမဲ့ သစ်ပင်အောက်မှာ ဖြစ်သလို စာသင်ရတဲ့ဘ၀တွေကိုလာကြည့်လိုက်စမ်းပါ ဒါဟာ နိုင်ငံတနိုင်ငံရဲ့ အနာဂါတ်ကို ခန့် မှန်းဖို့ လာကြည့်လိုက်ပါ။
အားငယ်နေတဲ့ ကျမတို့ ရဲ့မျက်လုံးတွေ၊ ဒီနေ့ ဘာစားရမလဲ၊ ဘယ်သူကလာပြီးစာသင်ပေးမလဲ ဘယ်အချိန် အသက်လွတ်ပြီး ပြေးရမလဲ၊ ဘယ်တော ဘယ်တောင်မှာ ပုံးရင် လုံခြုံမလဲ၊ ဒါတွေက ကျမတို့ နိုင်ငံ စနစ်တခုက ဖန်တီးပေးတဲ့ ကျမတို့  အနာဂါတ်မျိုးဆက်သစ်လူငယ်တွေအတွက် မနက်ဖြန်တွေလား၊ ဒါဆို တရားပါသလား။
“အမေကမွေး ထောင်ကကြွေး” သလို မြန်မာပြည်မှာမွေး ဒုတ်ခသည်က ကျွှေးပေါ့။ 88 မှာ တစ်လသားအရွယ် မိန်းကလေးတယောက်က အခု အသက် 20 ပြည့်တော့မယ်။ အဲ့လိုပဲ စစ်အာဏာရှင်စနစ်ကို တွန်းလှန် တိုက်ပွဲဝင်နေတဲ့ နှစ်လတွေကလည်း အခုဆိုရင် နှစ် 20 တင်းတင်းပြည့်တော့မယ်။
88 မှာမပါဝင်ခဲ့ရပေမယ့် သူမအခု နိုင်ငံရေးပြောင်းလဲမှုတခုအတွက် တဖက်တလမ်းကနေ ပါဝင်နေတယ်။ “နိုင်ငံရေးအလုပ်က မိန်းကလေးအလုပ်မဟုတ်”လို့ ပြောဆိုသမုတ်ကျတဲ့ တချို့ လူတွေရဲ့အပြော။ “ဒီမိုကရေရအောင်အရင်လုပ်ပါဦး အမျိုးသမီးရေးက နောက်မှလုပ်ပေါ့” ဆိုတဲ့ အမြင်မျိုးနဲ့  လူတွေရဲ့ကြား။ "Do it whatever you want but not in my back yard" ဆိုတဲ့ လူတွေရဲ့ကြား၊
အခုကျမ လွယ်လွယ်နဲ့ မတုန်လှုံ့ တော့ပါဘူး၊ ကျမလုပ်သင့်တာကို လုပ်တတ်နေပြီ။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ ဦးစားပေးနေရတဲ့ဘ၀မှာ အခုထက်ထိ ကျမရဲ့ ဘ၀ကို ဖြေသိမ့် အားငယ်ဖြေလျော့နေတဲ့ မျက်ဝန်းအိမ်ထဲကအကြည့်တွေနဲ့ မျက်ဝန်းများ။ ခန်းချောက်ခြင်းမဲ့ စီးဆင်းနေတဲ့ မျက်ရည်ချောင်းများနဲ့ မျက်ဝန်းများ။ ဝေဒနာဒဏ်ရာတွေကို ရင်ဝယ်ပိုက် ဖြေသိမ့်အပြုံးတွေနဲ့  နာနာကျင်ကျင်ပြုံးလိုက်တဲ့ ကွဲရှရှ မျက်ဝန်းများ၊ အဲ့ဒီမျက်ဝန်းပိုင်ရှင်ဟာ ကျမတယောက်အပါအ၀င်ဖြစ်ခဲ့သလို ကျန်သော မျက်ဝန်းပိုင်ရှင်များအတွက် ကျမတခုခုကို လုပ်ပေးသွားပါဦးမယ့့်  ။
Posted byုကယ်စင်လေး at 1:17 PM
Labels: ကြယ်စင်လေး ♦comments (0)
အရူံးပေးသူနဲ့  ထာဝရအနိုင်ယူချင်သူ
ရင်ထဲကခံစားချက်တွေကို တခါတခါ ဖွင့်အံလိုက်ရရင် ပေါက်ကွဲသံစဉ်တပုဒ်ဖြစ်သွားနိုင်တယ် ခံခဲ့ရတာတွေ့ တမင်သက်သက် အရူံးပေးလိုက်ရတာတွေ အလိုက်သိပေးလိုက်ရတာတွေက ဖြည့်ဆည်းပေးလိုက်ရတာ တွေက တကယ်ဆို ငါ့ကို အလှဲထိုးပြီး အနိုင်ယူဖို့ အတွက်များလား အရူးတယောက်လည်းမဟုတ်တော လုပ်ခဲ့သမျှအဖြစ်အပျက်တွေကို အိပ်မက်ထဲထိအောင် စွဲလမ်း တကယ်မဖြစ်သင့်ဘူးဆိုတာသိပေမယ့် ဒီရင်ထဲကခံစားချက်ကို ကူညီ ခံစားပေးဖို့  နံဘေး ဘယ်သူမှ ရှိမနေတဲ့ အချိန်
တယောက်တည်းပဲ ဒီရင်ထဲကဝေဒနာတွေကို စွတ်မှိတ် မာယာတွေနဲ့ လှည့်ကစားတတ်တဲ့ ဒီကံတရားကို ဖြေသိမ့်အတွေးလေးနဲ့ ပဲ အမြဲတွေးပြီး အချိန်တွေနဲ့ ကုစားခဲ့ရတာတွေက အခုဆို နှစ်တွေအဖြစ်နဲ့ တောင်ကျော်လွန်ခဲ့ပြီပဲ့ 
ွ
Posted byုကယ်စင်လေး at 10:03 AM
Labels: ခံစားချက်များစုဆည်းမှု ♦comments (0)