ထွက်ပြေးပုန်းရှောင်သူ

ခံစားလိုက်ရတာလား
မှားယွင်းမှုတခုအဖြစ်တော့
မသတ်မှတ်ချင်ပါဘူး ချစ်သူ့ 
စိတ်ကူးနဲ့ ပဲငါ ရူးသွပ်နေခဲ့မိ
ငါ့ရင်ထဲကိုနင်ဝင်လာပြီး
ဒဏ်ရာတွေကိုထားပစ်ခဲ့
နီးစပ်နိုင်ဖို့ ကြိုးစားနေရင်း
တဖြေးဖြေးနဲ့ ငါ့အနားကမင်း
ထွက်ပြေးပုန်းရှောင်ခဲ့
ကျခဲ့ငါ့မျက်ရည်တွေကိုတောင်မေ့
ရရှိခဲ့ဒီအလွမ်းဝေဒနာတွေက
မင်းပြန်လာနိုးနိုးနဲ့ ပေါ့ ။
ကြယ်စင်လေး
1 comments:
စောင့်နေတုန်းလား ကြယ်စင်ရဲ့... ပြန်လာဖို့ ဆုတောင်းပေးမယ်နော်.. :)
Post a Comment