Showing posts with label ဖွင့်ဟချက်လေးများ. Show all posts
Showing posts with label ဖွင့်ဟချက်လေးများ. Show all posts

Tuesday, April 1, 2008

ဆုပ်လည်းစူး စားလည်းရူး


ငယ်ငယ်ကတော့ စူးတွေစူးမှာဆိုးလို့ ကျမအင်မတန် ကြိုက်နှစ်သက်ခဲ့တဲ့
နှင်းဆီပန်းနီနီ လှလှလေး တွေကို တောင် ကိုယ်တိုင်မခူးခဲ့ဘူး။ ဘာဖြစ်လို့
လဲဆိုတော့ ကျမကိုယ်တိုင် စူးတွေ ဆူးပြီးရင် နာကျင်သွားတဲ့ နေရာ လေး
ကို ကြည့်ပြီး ရင်ထဲမချိဘူး။

တခဏတာလေးအတွက် နာကျင်စေတယ်ဆိုပေမယ့် ကျမတကယ်ကို
ရှောင်ရှားခဲ့သူပါ။ အယ်… နောက်တမျိုးကတော့ အရူးပေါ့…။ အရူးဆိုရင်
ကျမငယ်ငယ်တုန်းက သိပ်ကိုသနားပြီး တော့သိပ်ကို လည်းကြောက်ပါ
တယ်။ ကျမတွေ့ဖူးနေတဲ့ ရူးသွပ်သွားတဲ့အမျိုးသမီးတွေဆို သိပ်ကိုသ
နားဖို့ကောင်းတယ်။ ကျမငယ်ငယ်တုန်းက ရူးသွားမှာကိုသိပ်ကြောက
်တယ်၊ ကျမ ရူးသွားရင် ကျမကိုလူတွေက ၀ိုင်းဟားမှာ ၀ိုင်းလှောင်ကြ
မှာ ၀ိုင်းရီကြမှာ ကလေးငယ်တွေက အရူးမကြီးဆိုပြီး လာစကြမှာ ခဲ
တွေနဲ့ဝိုင်းပစ်ကြမှာ ကျမသိပ်ကို ကြောက်ခဲ့ဖူးတယ်။

ဒါပေမယ့် အခုလက်ရှိ ကျမခံစားကြုံတွေ့နေရတဲ့ဘ၀ဟာ တကယ်ကို
စူးလည်းစူးပြီးရူးရမဲ့ အဖြစ်ပါ။ ဒါက ကျမတယောက်တည်းခံစားနေရ
တာမဟုတ်ဘူးနော်..ရာခိုင်နူန်းများစွာသော မြန်မာပြည်သူပြည်သား
တွေရဲ့ဘ၀ပါ။

နေစရာမြေမရှိလို့ရောက်လာရတဲ့သူတွေ၊ ဆက်နေရင် အသက်သေ
မယ့်သူတွေခေါင်းငုံ့ခံနေရင်းခေါင်းဖြတ်ခံလိုက်ရမဲ့သူတွေ၊ ဘယ်သူ့
ကိုအမိ ဘယ်သူ့ ကိုအဖ ခေါ်ရမယ်မှန်းမသိတဲ့ အခြေအနေတွေ ဒီလို
ဒီလို အကြောင်းအရာ အခြေအနေမျိုးစုံနဲ့ အဆင်ပြေမလားလွတ်များ
လွတ်မလား အေးအေးဆေးဆေးများနေရမလား ပူပင်စရာမလို ငြိမ်း
ငြိမ်းချမ်းချမ်းနေနိုင်မယ် ဒီလိုမျှော်လင့်ချက်ပေါင်းများစွာနဲ့ သူများနိုင်ငံ
တွေဆီကမျက်နှာငယ်ခံပြီးရောက်ရှိလာသူတွေ ထဲမှာ ထိုင်းနိုင်ငံကို
ရောက်လာတဲ့ မြန်မာပြည်သူပြည်သားတွေအဖို့ အခုလိုအခြေအနေမျိုး
မှာ တကယ်ကို ဆုပ်လည်းစူး စားလည်းရူးရမယ့်အခြေအနေမျိုး ရောက်
နေပြီပဲ။

ပြောင်းလဲပြီး အသစ်တင်ရောက်ရှိလာတဲ့ ၀န်ကြီးချုပ်အသစ်လက်အောက်
မှာရှိတဲ့ မူဝါဒတွေကတကယ့်ကို မြန်မြာ့ပည်သူပြည်သားတွေအတွက် အ
ခက်အခဲအကျပ်အတည်းအခြေအနေမှာ။ အခုလည်းကြည့်လေ မြန်မာနိုင်
ငံရေးအတွက် လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ အခြေအနေ အမျိုးမျိုး
ကြောင့် ထိုင်းနိုင်ငံကိုရောက်နေတဲ့လူတွေဘယ်လောက်ထိ အိပ်ရေးပျက်
ညတွေ များနေပြီလဲ။ ဘယ်အချိန် ရုံးထဲကိုဝင်လာပြီးလာစစ်မလဲ ဖမ်းမလဲ
ဘယ်အချိန် ဘယ်နေရာ ရုံးက ၀န်ထမ်းတဦးဦးကိုလမ်းပေါ်ကနေ ဆွဲခေါ်
သွားမလဲ။

အချုပ်ခန်းကနေ အရင်ကလို လာဘ်ထိုးပြီး ကိုယ့်လူကိုယ်ပြန်ထုတ်လို့မ
လွယ်ကူတော့တဲ့အခြေအနေမှာ တစုံတယောက်ကသာ ဖမ်းမိသွားရင် မီး
ခိုးကြွက်လျောက်အားလုံးပါသွားနိုင် တယ်။ ဒီမှာက ကိုယ့်မြန်မာနိုင်ငံရေး
အတွက်သာ တက်တက်ကြွကြွလုပ်နေပေမယ့် တကယ့် တကယ် ကျမတို့
ရဲ့ဘ၀တွေက တကယ်ကိုအာမခံချက်မရှိပါဘူး။

ကိုင်ထားတဲ့ မြန်မာနိုင်ငံကူးလတ်မှတ်ကလည်း အာမခံချက်မပေးဘူးလေ။
မလိုရင်မလိုသလိုမကျေနပ်ရင်မကျေနပ်သလို အားကိုးတကြီး နိုင်ငံကူးလတ်
မှတ်လေးပြပေးကာမှ အတုဆိုပြီးစွတ်စွဲချက်နဲ့ စုတ်ဖြဲပစ်လိုက်ရင်ရော ကျမ
တို့ဘာပြောနိုင်မှာလဲ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာအခြေစိုက်တဲ့ ကျမတို့
ကိုယ်ရွှေမြန်မာနိုင်ငံတော်ရဲ့ သံရုံးကရော ကူညီမယ်များထင်နေလား ဝေးပါ
သေးတယ်။ တခါတလေကြတော့လည်း အံ့သြမိပါရဲ့။

ဘာအကြောင်းပြချက် ဘာရည်ရွယ်ချက်နဲ့များ သံရုံးဖွင့်ထားပါလိမ့်။ သံရုံးက
ထိုင်းနိုင်ငံရောက် ကိုယ့်တိုင်းသူပြည်သားအတွက် ရပ်တည်မှုမရှိတဲ့အပြင်
သူတို့ကိုယ်တိုင်တရားဝင်ထုတ်ထားပေးတဲ့ ပိုက်ဆံဆိုလည်းသိန်းနဲ့ချီပြီး
လုပ်ထားရတဲ့ ဒီနိုင်ငံကူးလတ်မှတ်တောင် ရဲတွေက အတုလို့ ဟုတ်ဟုတ်
မဟုတ်ဟုတ် စွတ်စွဲခဲ့ရင်တောင် ကူညီမဲ့အစား အတုဆိုပြီး သံယောင်
လိုက်ပြီး စွတ်စွဲနေတာ။

ခံစားချက်လေးတခုတင်ပြခြင်လို့ ဝေဖန်တာမဟုတ်သလို မနာလိုတဲ့သ
ဘောနဲ့ပြောတာ လည်းမဟုတ်ပါဘူး။ အခုလက်ရှိ ထိုင်းနိုင်ငံမှာရှိနေတဲ့
နိုင်ငံရေးလှုပ်ရှားနေသူ ခေါင်းဆောင်ပိုင်းတချို့ကိုကြည့်လိုက်ပါ အနည်း
ဆုံး အခြားအာမခံချက်ရှိတဲ့ နိုင်ငံတခုခုရဲ့ နိုင်ငံသားတွေအဖြစ်ရပ်တည်
နေတဲ့သူတွေရှိပါတယ်။ တချို့ခေါင်းဆောင်များကတော့ ကျမတို့လို ပဲ
ပေါ့။ တကယ့်တကယ်အကြီးမှားဆုံး အခက်အခဲတွေနဲ့ရင်ဆိုင်ဖြေရှင်း
ရပြီ ပြေးရတော့မယ် ပုန်းရ တော့မယ်ဆိုရင်အာမခံချက်ရှိတဲ့လူတွေ
အတွက်က လေယျာဉ်လတ်မှတ် ဘွတ်ကင်ယူထား ယုံပါပဲ။

ကျမတို့လိုလူများ မဆွတ်မပွတ် ဟိုမရောက်ဒီမရောက် လှုပ်ရှားနေသူ
တွေအဖို့ လေယျာဉ်လတ်မှတ်မပြောနဲ့ တလတလ ရတဲ့စတိုင်ပင်လေး
နဲ့ ဘယ်လိုလောက်အောင်စားမလဲစဉ်းစားနေရတဲ့သူတွေကတော့ အဖမ်း
ခံမလား ဒီအတိုင်းပြေးလိုက်ပုန်းလိုက်လုပ်မလားဒါက ကျမတို့အတွက်
နည်းလမ်းပဲ။

ဟိုမရောက်ဒီမရောက်လုပ်နေပါဝင်နေပြီဆိုပေမယ့် မြန်မာပြည်ပြန်အပို့
ခံရရင်လည်း အင်းစိန်နဲ့ညားရမဲ့ အခြေအနေမှာ ဘာလုပ်သင့်သလဲ။
အခုဆို နေရာဒေသ ဒေါင့်မျိုးစုံ နည်းလမ်းပေါင်းစုံနဲ့  တရားမ၀င် မြန်မာ
ပြည်သူပြည်သားတွေကို နေ့စဉ်ရက်စက် လိုက်ဖမ်းဆီးနေပြီ။မိသွားလို့
ထောင်ချလိုက်ရုံဆိုမကြောက်ပါဘူး။ မစိုးရိမ်ပါဘူး။ အတင်းအဓမ္မမဓိမ်း
ကျင့်ပြီးသတ်ပစ်လိုက်မှ ဟုတ်ပေ့ဖြစ်သွားမဲ့ မိန်းကလေးတွေရဲ့ဘ၀လေ။
လုံခြုံရေးကလည်းမရှိကိုယ့်တိုင်းပြည် လည်းကိုယ်ပြန်လို့မရတော့တဲ့အ
ခြေအနေမှာ ကျမတို့ဘ၀က တကယ်ကိုဆုပ်လည်းစူး စားလည်းရူးမဲ့အခြေ
အနေမျိုးပေါ့။

Thursday, March 27, 2008

မြန်မာပြည်အနာဂါတ်

မရောက်ဖူးတဲ့မြန်မာပြည် တခေါက်လောက်တော့ပြန်ကြည့်မိပါတယ် 2007မှာပေါ့
ခဏသွားတည်းတဲ့ တိုက်ခန်း က ဒုတိယထပ်လောက်မှာရှိတာ...
နေ့ ခင်းဘက်အရမ်းပူတော့ ခဏလောက် စာအုပ်ဖတ်ပြီး
အိပ်မက် စိတ်ကူး ရှိသေး...ဘုတ် ဘုန်း ဆိုပြီး
အသံကြီးက အကျယ်ကြီးဟာ.. ဟ..ဘာလဲဆိုပြီးထတောင်ပြေး
ချင်တာ... အိမ်ရှင်ကပြောတယ်... ဘာမှမဖြစ်ဘူး..အဲ့ဒါ
အပေါ်ထပ်တိုက်ခန်းက အမိုက်ထုတ်ပစ်ချတာတဲ့...
တိုးတက်အုံးမယ့်တို့ရဲ့ မြန်မာပြည်ကြီးလေ....

တခါ...အင်တာနက်ကဖေးကအပြင်ပြန်အထွက်မှာနောက်က
နေတကောက်ကောက်လိုက်နေတဲ့ကလေးတယောက်က ကျမအကျီစက
ိုစွဲပီး ပိုက်ဆံတောင်းနေတာ...အစကတော့မသိဘူးပေါ့နော်... ဘယ်ဟုတ်ပါ့မလဲ
သနားလို့ပေးမိကာမှအနောက်ကကလေးတွေတအုပ်ကြီးပြေးထွက်
လာပြီးလာတောင်းတာကြောက်တောင်ကြောက်သွားတယ် ဒါပေ
မယ့်ကြားလိုက်ရတဲ့အသံတသံကအသက်ရူတောင် မှားသွားမတတ်ပါပဲ... ဘာတဲ့....
လိုက်..လိုက်တဲ့... အဲ့ဒီမိန်းကလေးတွေကြည့်ရ တာ..ပိုက်ဆံထော
အသိုင်းအ၀ိုင်းကပဲတဲ့...ပြောလိုက်တဲ့ အသံက ကလေးအသံမဟုတ်
ဘူးဟ..ဘေးနားမှာရှိနေတဲ့ယောကျာ်းရင့်မကြီး... မိုက်ရိုင်းလိုက်တာရှင်...
လူကြီးတွေ ကိုယ်တိုင်က ကလေးငယ်တွေကို အဲ့လိုမြောက်
စားထားကြတာ...အဲ့ဒါ ကျမတို့ ရဲ့ မြန်မာပြည်ကြီးပေါ့.....

...... မြန်မာပြည်အနာဂါတ်ရဲ့ ကလေးတွေအတွက် ရင်လေးစရာ......

ပြည်သူတယောက်ရဲ့ခံစားချက်

~x( ~x( မြန်မာပြည်အကြောင်းပြောရမယ်ဆို အားငယ်နေတဲ့ ကလေးငယ်တွေရဲ့ မျက်ဝန်းကိုပြန်မြင် ယောင်နေမိတယ်... ရန်ကုန်တခေါက်ပြန်ပါတယ်... ကိုကြီးတို့ အမကြီးတို့ ရေ...နို့ ဆီဘူးလေးများ...ရေသန့်ဘူးခွံ လေးများ...ဖိနပ်စုတ်လေးများ... ရှိပါရင် ပစ်ချပေးကြပါ ကျေးဇူးရှင် ကိုးကြီးတို့ မကြီးတို့ ရေ.... ဆိုပြီး တလမ်းဝင် တလမ်းထွက် အမိုက်ပုံတွေဘေးက တကြော်ကြော်အော်နေတဲ့ ကလေးငယ်တွေ....

ဒါတွေဟာ ဖြစ်သင့်တဲ့အခြေအနေတခုလား.... ကိုယ်ပိုင်ကားကိုစီး... ပြည်သူတွေရဲ့ ချွေးနည်းစာတွေကိုအမြတ် ထုတ်... မြန်မာပြည်ရဲ့ သူတို့ ချမှတ်ပေးတဲ့ ပညာရေးကို သူတို့ သိတော့ သားသမီးတွေကို နိုင်ငံခြားပို့ ပညာသင် စေတဲ့အချိန်မှာ ပြည်သူတွေရဲ့ သားသမီးတွေက ဘာဖြစ်နေကြပြီလဲ... ကျောင်းတက်ရမဲ့အရွယ်က လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုး... လမ်းဘေးမှာ အစုတ်ပလုတ်တွေလိုက်ကောက်...အခုလည်း လုပ်လာပြန်ပြီ... ရွေးကောက်ပွဲပုံစံနဲ့ လူထုဆန်ဒခံယူပွဲ....ရီတောင်ရီချင်တယ်.. =)) =))

ဘယ်လောက်သနားစရာကောင်းတဲ့ တို့ မြန်မာပြည်သူပြည်သားတွေလည်း...ခေါင်းမရှိတဲ့ စစ်အစိုးရလက် အောက်မှာ မသေရုံတမယ် ခံနေကြရတာ.... ထမင်းတောင်နပ်မှန်အောင် မစားရတဲ့ဘ၀မှာ ရက်စက်မှုကတော့ အဆုံးမတတ်သေးဘူး.....

ပြည်သူတယောက်အနေနဲ့ ပြောချင်တာတွေကတော့အများကြီးပဲ... ပြောရမယ်ဆိုရင် ကုန်မှာတောင်မဟုတ် ဘူး... တလောကလုံးမှာ ရက်စက်ကြမ်းကြုတ်အယုတ်မှာဆုံးဆုကို တို့ ရဲ့စစ်အစိုးရက တကယ် ပျော်ရွင်ကျေနပ် နေပုံပဲ........... [-( [-(

Monday, March 24, 2008

ဆုံမှတ်လေးတခု

ထမီလုံခြည်ပါးကွက်ကြားလေးတွေနဲ့ ဟိုဟိုဒီဒီ အပြေးအလွား ပြားပန်းခတ်အောင် အလုပ်အတွက်ရုန်းကန် လှုပ်ရှားနေသူတွေ… လက်ဖက်ရည်ကို ဇိမ်ဆွဲပြီး အရသာခံသောက်နေတဲ့သူ တွေ… ကွမ်းယာကိုတမြုံ့ မြုံ့ ဝါးပြီး အလုပ်အကြောင်းတွေ၊ အဆင်မပြေမှုတွေ၊ အလာပသလပပြောဆိုနေသူတွေ … ဆေးဆိုးပန်းရိုက် မျက်နှာ လေးတွေနဲ့ လှပဆန်းသစ်နေတဲ့ အမျိုးသမီး လေးတွေ ဒါတွေဟာ မြန်မာပြည်အလားမှတ်ထင်ရအောင် ကျင်လည်ကျက်စားနေတဲ့ ကျမတို့  မြန်မာပြည်သားတွေ တရုတ်နပ်စပ်တခုရဲ့ မရိုးအီနိုင်လှစွာသော မြင်ကွင်း လေးတခုပေါ့။

ကားဟွန်းသံတွေအဆက်မပြတ် အော်မြည်ဆူညံနေတဲ့ကြား လမ်းလျှောက်သွားရတာကို ကျမ နှစ်သက်တယ်.. ရာသီဥတုလေးကတော့ အရမ်းအေးပြီး အရမ်းပူတဲ့နေရာမဟုတ်တဲ့အတွက် ဖြစ်မယ်… ပြီးတော့ ကျမတို့ နေထိုင်လှုပ်ရှားနေရတဲ့ ထိုင်းနိုင်ငံလိုနေရာမျိုးထက်စာရင် အရမ်းကိုလွတ်လပ်ပါတယ်…. ထိုင်းမှာဆိုလမ်း လျှောက်ပြီဆိုတာနဲ့ ပထမဦးဆုံး ရင်ဆိုင်တွေ့ ကြုံရ မှာ အရွယ်အစားမျိုးစုံနဲ့ ခွေးပေါင်းစုံ … နောက်ဒုတိယ ကတော့ နေရာတကာမှာ ပေါ်ပေါ်လာ နိုင်တဲ့ ထိုင်းရဲတွေပဲ။ ထမီလေးသာ ၀တ်ပြီးလမ်းထပ်လျှောက်ကြည့်ဦး သေချာတာကဘတ်ဘယ်လောက်နဲ့တော့မသိဘူး ကံကောင်းရင်တော့ အချုပ်ခန်းနဲ့ ညားရင်ညား မညားရင် တော့ မြန်မာပြည်ကို ခွေးလိုဝက်လိုပြန်ပို့ ခံရပြီသာမှတ်….

ထိုင်းကိုတရားဝင် လာတာပဲဖြစ်ဖြစ်… တရားမ၀င် ၀င်ရောက်လာတာပဲဖြစ်ဖြစ် အလိုလိုနေရင်း တရားမ၀င် ဘ၀ကိုရောက်သွားရော… မြန်မာပြည်က တန်ဖိုးကြီးလှတဲ့ နိုင်ငံကူးလတ်မှတ် ကို ကိုင်ကိုင် သူတို့ စိတ်မထင်ရင် မထင်သလို အတုဆိုပြီး ဆွဲဖြဲလို့ ရတဲ့အခြေအနေ… မြန်မာနိုင်ငံ ကူးလတ်မှတ်နဲ့ သူများနိုင်ငံသွားကြည့် အထင် သေးပြီးကြည့်တဲ့ မျက်လုံးတွေ စိတ်အားငယ်မှု တွေဟာ ကိုယ့်ကို ဟိုးအဝေးအောက်ခြေတခုကိုတွန်းပို့ နေသလို ပါပဲ… ဒါပေမယ့် ကျမတို့ မှာဘာပြောခွင့်ရှိမှာလဲ… ဒီလိုဖြစ်ရတာက ကျမတို့ ကိုယ်ရွေမြန်မာနိုင်ငံရဲ့ အစိုးရက သိပ်ကိုအား ကိုးလောက်တာကိုး…

ဆိုဖာပေါ်မှာအကျအနထိုင်ပြီးပြည်သူတွေအကြောင်းကို စိတ်မ၀င်စားတဲ့လက်အောက်မှာ လူဖြစ်ရတာ တခါ တ လေကိုယ့်ကိုကိုယ်ရင်နာမိတယ်…. ဒါပေမယ့် ဘာတတ်နိုင်မလဲ ရှိတဲ့ဘ ၀ကိုပဲ ကျေနပ်နေရ တာ ပေါ့…ကိုယ့် တိုင်းပြည်ထဲက ပြည်သူတွေ ဘယ်လောက်အထိ သူများနိုင်ငံမှာ မျက်နှာငယ်စွာနဲ့  စွန့် စွန့်စားစားရောက်နေ ရလဲ… ဘာလို့ ကိုယ့်တိုင်းပြည် ကိုယ့်နိုင်ငံကိုစွန့်ခွာပြီးတော့ နေထိုင်နေကြရလဲဆိုတာ မမြင်ချင်ဟန် မကြားချင် ဟန်ဆောင်နေခဲ့တာ…

အခုလည်းကြည့်လေ… မြန်မာပြည်မှာ နေထိုင်ကြီးပြင်းခွင့်မရခဲ့သူ ကျမကိုယ်တိုင် အခုလက် ရှိရောက်ရှိနေတဲ့ နေရာဟာ ကိုယ့်မြန်မာနိုင်ငံကြီးလို့ တောင်ထင်နေမိတယ်…. ရင်ထဲမှာ ၀မ်း နည်းတာလား ကိုယ့်မြန်မာ ပြည် သားတွေနဲ့ တွေ့ ခွင့်ရလို့ ဝမ်းသာနေတာလား … လက်ရှိလူ တွေဖြတ်သန်းနေထိုင်နေရတဲ့ဘ၀ကို ရင်နာနေတာ လား ခံစားချက်အားလုံးပေါင်းစုစည်းနေလို့  အမည်နာမ တခုမဖော်တတ်တော့တာပဲဖြစ်ပါလိမ့်မယ်။

ညဘက်လမ်းလျှောက်ထွက်တော့လည်း လမ်းနံဘေးက ပျံကျညငှက်မလေးတွေရဲ့ ဆေးဆိုး ပန်း ရိုက်မျက်နှာ လေးတွေနဲ့  အိပ်တန်းတက်ဖို့ စောင့်နေကြတဲ့အလား သူတို့ အတွက် ဧည့်သည် တွေကိုစောင့်မျှော်နေကြရှာ တယ်… ဒါဟာ မြန်မာနိုင်ငံစနစ်စိုးလက်အောက်က ရရှိ လိုက်တဲ့ အခွင့်အရေးတခုနဲ့ အမွေအနစ်တခုလား… အဲ့ဒီမြင်နေရတဲ့ ပျံကျငှက်လေးတွေဟာ ကျမတို့ ရွေမြန်မာနိုင်ငံတော်ကြီးကမွေးဖွားပေးထားတဲ့ ငှက်ငယ် တွေပေါ့…. ဘယ်လောက်ရင် နာစရာကောင်းလိုက်တဲ့အဖြစ်လဲ…

ထောင်ပေါင်းများစွာသော မြန်မာပြည်သူပြည်သား ထဲမှာမှ ၁၈နှစ်အောက် မိန်းကလေးတွေရဲ့ ဦးရေဟာလည်း မနည်းလှပါဘူး။ ရည်ရွယ်ချက်မျိုးစုံ ရည်မှန်းချက်မျိုးစုံနဲ့ ဘ၀တခုလုံးကိုစ တေးပြီး ရောက်ရှိလာတဲ့ မိန်းကလေး တွေအများကြီးထဲမှာမှ တယောက်ကတော့

“သမီးက သိပ်ပညာတတ်ကြီးဖြစ်ချင်တာအမရယ်… ဒါပေမယ့် စီးပွားရေးအစဉ်မပြေလို့  အလယ်တန်းလောက် ကနေပဲ ကျောင်းထွက်လိုက်ရတာ… ကျောင်းတက်တုန်းက ပထမပဲ ရတာ…” ကျမနဲ့ သက်တူရွယ်သူ မိန်းက လေးတယောက်ရဲ့ အားတက်တရာပြောလိုက်တဲ့ သူ့ ရဲ့အနာဂါတ်ပါ…

ဒါပေမယ့် သူ့ ရဲ့အခုလက်ရှိလုပ်ကိုင်နေရတဲ့ အလုပ်အခြေအနေကို ပြန်ပြီး စဉ်းစားသွားမိ တယ်ထင်တယ်… တခဏခြင်းပြောင်းလဲသွားတဲ့ သူလေးရဲ့မျက်နှာ ခုနကလို ရွင်ပြပြီး တောက်ပမှုတွေမရှိတော့ပဲ အားငယ်ခြင်း တွေ… ဆုံးရူံးလိုက်ရခြင်းတွေ…သူဘာတွေခံစားနေရ ရှာမလဲ….

ဟိုးအဝေးတနေရာကိုလှမ်းကြည့်နေတဲ့ သူမရဲ့မျက်ဝန်းလေးတွေမှာ မျက်ရည်ကြည်လေးတွေစို့ လို့ …. ဟန် ဆောင်ပြီးပြုံးထားတဲ့ သူမရဲ့နူတ်ခမ်းလေးတွေဟာ ဟန်ဆောင်မှုမပီပြင်ပဲ တုန်ရီနေ ရှာတယ်… သူမကြည့် နေတဲ့တနေရာကို ကျမလိုက်ကြည့်မိတယ်… အကြည့်ချင်းတူနေခဲ့ပေ မယ့် သူမဘာတွေတွေးနေမလဲ… သူမရဲ့ အတွေး ကျမရဲ့အတွေးနှစ်ခု သီးခြားဆီဖြစ်နေမယ် ထင်ပါရဲ့ ….. ဒါပေမယ့် ကျမတို့ နှစ်ယောက်ရဲ့ အကြည့်လေး တွေက တနေနေရာ အရောက်မှာ တော့ ဆုံနိုင်ကောင်းပါရဲ့ …………..။

"Magical Template" designed by Blogger Buster