ပြည်သူတယောက်ရဲ့ခံစားချက်


ဒါတွေဟာ ဖြစ်သင့်တဲ့အခြေအနေတခုလား.... ကိုယ်ပိုင်ကားကိုစီး... ပြည်သူတွေရဲ့ ချွေးနည်းစာတွေကိုအမြတ် ထုတ်... မြန်မာပြည်ရဲ့ သူတို့ ချမှတ်ပေးတဲ့ ပညာရေးကို သူတို့ သိတော့ သားသမီးတွေကို နိုင်ငံခြားပို့ ပညာသင် စေတဲ့အချိန်မှာ ပြည်သူတွေရဲ့ သားသမီးတွေက ဘာဖြစ်နေကြပြီလဲ... ကျောင်းတက်ရမဲ့အရွယ်က လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုး... လမ်းဘေးမှာ အစုတ်ပလုတ်တွေလိုက်ကောက်...အခုလည်း လုပ်လာပြန်ပြီ... ရွေးကောက်ပွဲပုံစံနဲ့ လူထုဆန်ဒခံယူပွဲ....ရီတောင်ရီချင်တယ်..


ဘယ်လောက်သနားစရာကောင်းတဲ့ တို့ မြန်မာပြည်သူပြည်သားတွေလည်း...ခေါင်းမရှိတဲ့ စစ်အစိုးရလက် အောက်မှာ မသေရုံတမယ် ခံနေကြရတာ.... ထမင်းတောင်နပ်မှန်အောင် မစားရတဲ့ဘ၀မှာ ရက်စက်မှုကတော့ အဆုံးမတတ်သေးဘူး.....
ပြည်သူတယောက်အနေနဲ့ ပြောချင်တာတွေကတော့အများကြီးပဲ... ပြောရမယ်ဆိုရင် ကုန်မှာတောင်မဟုတ် ဘူး... တလောကလုံးမှာ ရက်စက်ကြမ်းကြုတ်အယုတ်မှာဆုံးဆုကို တို့ ရဲ့စစ်အစိုးရက တကယ် ပျော်ရွင်ကျေနပ် နေပုံပဲ...........


0 comments:
Post a Comment