Tuesday, March 4, 2008

အသဲကွဲညနေခင်း


ပြည့်စုံမှုမရှိတဲ့ငါ့ဘ၀ထဲ
မ၀င်လာဖို့ တားဆီးနေတဲ့ကြား
တဖြေးဖြေးတိုးဝင်ရောက်ရှိလာသူ့ 

သံယောဇဉ်ကြိုးတွေအထပ်ထပ်ရစ်ကာမှ
ရုတ်တရက်ဖြတ်တောက်သွားခဲ့သူ
ချစ်တတ်အောင်သင်ပေးခဲ့ပြီးမှ
အချစ်တွေပြန်ရုပ်သိမ်းသွားခဲ့သူရယ်

ကွဲရှသွားတဲ့အာရုံတခုနဲ့ 
ဖြတ်ကျော်ခဲ့ရ
ဒီအသဲကွဲညနေခင်းများ
တကယ်တမ်းဆိုလျေက်လှမ်းနေခဲ့ရ
ငါတယောက်တည်းပေါ့လမ်းမပေါ်မှာ့ 


1 comments:

Anonymous said...

ကဗျာလေး ဖတ်သွားတယ်နော်။ ကောင်းလိုက်တာ။ ဆက်ရေးနော်။ အားပေးနေမယ်။

လေးစားစွာဖြင့်
မေပျို

"Magical Template" designed by Blogger Buster