အမေ့ရဲ့လက်တစုံ
အမေ့လက်တစုံ ကျောင်းတက်ဖို့ခေါ်ဆောင်
အမေ့လက်တစုံ မနက်ခင်းအတွက်သူမလှုပ်ရှား
အမေ့လက်တစုံ ကျမကိုမိုးသဲသဲအောက်ကုကာကွယ်
အမေ့လက်တစုံ ကျမကိုနေပူပူအောက်ကကာကွယ်
အမေ့လက်တစုံ တယုတယကိုင်တွယ်ခဲ့ကျမမျက်နှာ
အမေ့လက်တစုံ သုတ်ပေးခဲ့ကျမရဲ့မျက်ရည်
အမေ့လက်တစုံ ကြောက်ရွံ့ခြင်းမှ ကျမကိုကယ်တင်
အမေ့လက်တစုံ ယုယထွေးပွေ့မှုကိုကိုယ်စားပြုလို့
အမေ့လက်တစုံ သူမစားဖို့ဝေစု ကျမအတွက်ချပေး
အမေ့လက်တစုံ အပေးတာရှိပြီးအယူမရှိခဲ့သူ
အမေ့လက်တစုံ ရောင်စုံပွင့်တဲ့ပန်းတခင်းပါ အမေ
1 comments:
ကဗျာလေးဖတ်ပြီးခံစားလိုက်ရတယ်ကြယ်စင်
လေးရာ။အလွမ်းတွေနဲ.ပြည့်သွားတာပဲ။
အိမ်ကအမေကိုလွမ်းလိုက်တာဟာ။
Post a Comment