Friday, March 28, 2008

ဟန်ဆောင်ကာမေ့ထားခဲ့ပေမယ့်


ရူံးနိမ့်နေမှန်းသိနေလျက် ဒီပြိုင်ပွဲတခုကို ကျမ၀င်မပြိုင်သင့် မှန်းသိနေပါလျက်
မျှော်လင့်ချက်တခုကကျမကို အကြောင်းပြချက်မဲ့စွာ သယ်ဆောင်ခေါ်ယူ
နေမှတော့ ကျမဘက်ကဘာတတ်နိုင်မှာလဲ ကျမ ကိုယ်တိုင်ကမှ လွန်ဆန်နိုင်
စွမ်းမဲ့ခဲ့တာကိုး..........။

အဲ့ဒီအချိန်က ဆန္ဒတခုကိုဆန့်ကျင်ပြီး အဝေး တနေရာ ထွက်ပြေးခဲ့ရင်
ဒီဒဏ်ရာ နှလုံးသားကတဆစ် ဆစ်နာကျင်ခဲ့မိမယ် မထင်ခဲ့ပါဘူး။ တချိန်က
သိပ်ကိုမြတ်နိုး တွယ်တာခဲ့ဖူးတဲ့ တိမ်တိုက်လေးတွေတောင် လေယူရာကို
ယိမ်းနွဲ့ ကျမနဲ့အဝေးတနေရာမှာ။

ဖွင့်ပြောချင်ခဲ့ပေမယ့် သူပျော်နိုင်ပါစေဆန္ဒတခုက ကျမကို ညတိုင်းလိုလို
အိပ်မက်ထဲနှိပ်စက်မျိုသိပ်ခဲ့ရ ဒီခံစားချက်တစုံကို သူကတော့ သိနိုင်မယ်
မထင်ဘူး။ စေ့ထားရုံရှိတဲ့ နှလုံးသားတခါးပေါက်တခုကို နှလုံးသားတခုနဲ့
မှ ကြည့်ဖို့မကြိုးစားခဲ့တာ။

မဆုံနိုင်တော့ဘူးလား အရင်အချိန်က နေ့ရက်လေးတချို့လိုပေါ့။ မညာ
မတာ စွပ်စွဲချက်တွေကမြှားတစင်းလို အသဲတခုလုံးကို ထိုးချေ အစိတ်
စိတ်ကျေမွ သွားစေခဲ့ပေမယ့် တချိန်ကရှိခဲ့နေညိုချိန်တချို့ကို ပြန်လည်
တမ်းတရင်း တချိန်ချိန်ပြန်တွေ့ခွင့်အတွက် မျှော်လင့်ခြင်နေ
မိသေးတယ်။

တနေ့နေ့တော့ဖွင့်ပြောမယ် စိတ်ကူးခဲ့ဖူးတယ် အဲ့ဒီစိတ်ကူးခံစားချက်
လေးတွေက ကျမကိုအပျော်လေးတွေပေး နှလုံးခုံသံတွေတောင်မြန်စေ
ခဲ့ဖူးတယ်။ တကယ်တမ်းတခဲ့ရ ရက်လေးတခုရောက်ပြန်တော့ သူ့ဆန္ဒ
ကိုဦးစားပေး ကျမဆန္ဒတစုံကို မျိုသိပ်ခဲ့လိုက်ရတယ်။

အရူံးပေးထားသူတယောက်မို့ အလွယ်တကူအနိုင်လိုချင်ခဲ့တာလား။
ဒူးထောက်နေမှန်းသိလျက်ကျမနှလုံးသားကိုဖျစ်ညစ် ခံနိုင်ရည်မရှိနိုင
်လောက်အောင် စိမ်းကားရက်စက်စွာသီကုန်းထားတဲ့မာကျောကျော
အသဲတွေနဲ့ ပြတ်သားလွန်းလှတဲ့စကားလုံးလေးတွေကိုစုစည်း မိုးအ
ဖြစ်နဲ့သာရွာချလိုက်တာလား။ တကယ်နာနာကျင်ကျင် တုန်ရီနေအောင်
ရွဲရွဲစိုနေတဲ့ ဒီမိုးခါးရေတွေအောက်ငါ့ခံစားချက်တွေကို မျောချလိုက်မိတယ်။

အပစ်မတင်ရက်ပါဘူး..ပေးထားသလို ပြန်မရနိုင်တော့တဲ့အခြေအနေ
ဘယ်လိုမှ ဆုံနိုင်ခွင့်မရှိတော့တဲ့ မျဉ်းပြိုင်နှစ်ကြောင်းရဲ့ ဦးတည်ချက်မှာ
ဘယ်သူက တကယ်နာကျင်သွားခဲ့ရသလဲဆိုတာ မစဉ်းစားချင်တော
့ပေမယ့် တနေ့မှမေ့လို့မရအောင် ကျန်ရှိနေတဲ့ ဒီအလွမ်းတွေကိုပဲသံစဉ်
စာသားတခုအဖြစ် သီကုန်းလို့ ကျမတယောက်တည်းအခန်းထဲမှာ ရေးဖွဲ့
ခဲ့ထားတဲ့သွေးစွန်းနှလုံးသားတစုံရဲ့ ဖွင့်အံချက်တွေပေါ့။


မျှော်လင့်ချင်သေးခဲ့ပေမယ့် မဖြစ်နိုင်ဘူးဆိုတာသိနေမှတော့ အလွမ်းတွေ
ကိုတော့ ဆက်လက်ရှင်သန်ခွင့်တော့ပေးခဲ့လှည့်ပါဦး။ ဘယ်သူမှမသိနိုင်တဲ့
ကျမတို့နှစ်ယောက်ပြိုင်ပွဲ မညာမတာဖြစ်ခဲ့လို့ အသေအလဲဖြစ်ခဲ့ရတာ
လေ။ ဟန်ဆောင်ကာမေ့ထားခဲ့ပေမယ့် လေပြေလာတိုင်းတိုင်တည်ခဲ့ဖူး
သော စကားတခွန်းကဆွံ့အသွားခဲ့ရ ကျမစကားသံတွေအစား
“ရှင့်ကိုချစ်နေဆဲ”ဆိုတာ ရှင်ကြားအောင်တော့ ပြောပြပေးနိုင်ပါရဲ့ ချစ်သူ.....။

2 comments:

ညမီးအိမ် said...

ဖြစ်ချင်တဲ့ဆန္ဒတွေကို မျိုသိပ်ထားရတယ်တဲ့။ ကျွန်တော် အဖြစ်လေးလဲဒီလို ပဲဗျ။ လောကကြီးက ကိုယ်ဖြစ်ချင်တာတွေကိုဖြစ်ခွင့်မပေးဘူးလားမသိဘူးဗျ။
အချစ်စစ်နှင့်တွေ့ပါစေဗျာ။

မြန်မာပြည်ကိုလွမ်းတယ် said...

ကြယ်စင်လေးရေ..စာသားလေးတွေမှာ
ဝမ်းနည်းကြေကွဲမှုတွေလွှမ်းနေတာမို. ဖတ်
လိုက်ရတာရင်ထဲကိုနွမ်းသွားတာပဲ..ပျော်ရွှင်
ခြင်းတွေသင်းပျံ.နေတဲ့ချစ်ခြင်းကိုပိုင်ဆိုင်ခွင့်
ရပါစေလို.ဆုတောင်းပေးပါတယ်သူငယ်ချင်း
ရယ်........။

"Magical Template" designed by Blogger Buster