Tuesday, April 1, 2008

ကျမနဲ့တနေ့တာ


ဟူး … လေပူတချက်ကိုမုတ်အထုတ် ချလိုက်မိတဲ့သက်ပြင်းရှည်ကြီးတချက်
ခြေကုန်လက်ပန်း ကြစွာပဲ တနေ့တာပူလောင်လွန်းတဲ့ ဒီရာသီဥတုကို ဖြတ်
ကျော်ရမှာကို ရင်လေးနေမိတယ်။

တကျစ် ကျစ်နဲ့အော်မြည်နေတဲ့ အကောင်တွေ သူတို့လည်းပဲ ပူလောင်လွန်း
လို့ထင်ပါရဲ့။ ဒီလိုအချိန်မျိုးမှာ မိုးတပြိုက်လောက်သာရွာချလိုက်စမ်းပါ တ
ကယ်အေးချမ်းသွားလိုက်မဲ့ဖြစ် ခြင်း။ အခုအခြေနေကတော့ ပူလွန်းလို့ ရေကို
ပဲဖိသောက် ရေကလည်းသောက်ပါများတော့ တန်ပြန်တုန့်ပြန်မှုကလည်း
မကြာပါဘူး သန့်စင်ခန်းနဲ့ ကန်ထရိုက်စွဲထားသလား ထင်ရ တယ်။

ဒီလိုအခြေအနေမျိုးနဲ့ ဘယ်အရာကို သွားပြီးအာရုံစိုက်နိုင်မှာလဲ။ တော်တော်
စိတ်ပျက်ဖို့ ကောင်းတဲ့အထဲ အလိုက်မသိတတ်တဲ့လူတွေဆီကနေ ရောက်
ရောက်လာတဲ့ ဖုန်းခေါ်သံ နာဝင်ပီယံမချိုနိုင်လောက်တဲ့ဖြစ်ခြင်း။ လိုရင်းတို
ရှင်းမပြောပဲ မြန်မာစကားနှစ်လုံးထဲနဲ့ မိုးလင်း အောင်ပြောမဲ့သူမျိုးနဲ့တွေ့
ရင် ကိုင်ထားတဲ့ဖုန်းကို အားရပါးရ လွင့်ပစ်လိုက်ချင်ရော။ ဒါပေမယ့် ၀ယ်
ထားတဲ့ဖုန်းကလည်း သိပ်မကြာသေး ဈေးကလည်းနည်းနည်းကြီးသေးဆို
တော့ စိတ်သွားတိုင်းကိုယ်မပါနိုင်ပဲ ဒီလိုပဲ အောင့်ကာသီးကာ ဆက်ပြော
ပေါ့။ ဘာတတ်နိုင်မလဲ။ အရိပ်ပြလို့မှ အကောင်မမြင်နိုင်တာ။

“အူမတောင့်မှသီလှစောင့်တယ်ပြောပြော” ဒီလိုအခြေအနေမျိုးမှာ အဲယား
ကွန်းတလုံးလောက် ရှိရင်သိပ်ပြီးအဆင်ပြေမှာလို့ စိတ်ကူးတွေယဉ်ဖူး
တယ်။ ၀ယ်ဖို့ဆိုတာက ရှိတဲ့ပိုက်ဆံ မုန့်ဖိုး တွေအားလုံးပုံအောထား စား
စရာတပြားမှမကျန်အောင် ပုံအောထားဦး ရှိတဲ့ပိုက်ဆံက အဲယား ကွန်း
အနံ့လေးတောင်မရူနိုင်ဘူးဆိုတော့ ဒီအတွေးလေးတွေကိုလည်း လက်
လွတ်လိုက်ရပြန် ရော။ ဘယ်လောက်ပဲ ပြည်သူအရေး နိုင်ငံအရေး
အတွက် ကိုယ်ကျိုးစွန့်အနစ်နာခံပြီး လုပ် တယ်ပြောပြော တခါတလေ
ကြတော့လဲ ကောင်းကောင်းမွန်မွန်နဲ့ အေးအေးဆေးဆေးဘ၀ ကိုတခါ
ခါ မက်မောတတ်ကြပြန်ရော။ ဒါကြောင့်လဲ ပြင်ပမှာတောင် အာဏာ
ပြိုင်ပွဲတွေဖြစ်လာ စေတဲ့အကြောင်းအရင်းတချက် ထင်ပါရဲ့။

မက်မောတတ်တာကိုမပြောနဲ့လေ ကျမတို့မြန်မာရဲ့စစ်အစိုးရတောင် စည်း
စိမ်တွေပေါ်ယစ်မှူး နေလို့ တော်လှန်ရေးကြီး အဓွန့်ရှည်နေတာကလည်းမ
ပြောပါနဲ့တော့။ ကျမကတော့ ဒီတော် လှန်ရေးကြီးအဓွန့်ရှည်ကြာရှည်နေ
မှာကို နောက်ထပ်ဘယ်လိုနည်းနဲ့မှမလိုလားနိုင်တော့။ ပြန်ချင်ပါပြီ ကျမကို
မွေးဖွားခဲ့တဲ့ဇာတိမြေ။ မြင်ချင်ပါပြီ တကြိမ်တခါမှ မြင်တွေ့ခွင့်မရခဲ့တဲ့ ဆွေ
မျိုးတွေ ညီကိုမောင်နှမတွေ။ အယ်… တချို့များကြတော့ တော်လှန်ရေးကြီး
အမြန်ပြီးဆုံး ပါစေ။ ပြည်သူတွေအမြန်ဆုံး စစ်အစိုးရလက်အောက်က အမြန်
ဆုံးလွတ်မြောက်နိုင်ပါစေ ဆိုပြီး စွမ်းစွမ်းတမံ လုပ်ဆောင်နေကြပေမယ့်
တကယ့်တကယ်ဆို တော်လှန်ရေးကြီး ပြီးဆုံး သွားရင် ဘုံပျောက်သွားမှာ စား
ကျက်ပျောက်သွားမယ့်သူကလည်း မနည်းလှဘူး။ ဒါပေမယ့် မသိသာနိုင်လှ
အောင်လည်း ဟန်ဆောင်ကောင်းတတ်ကြတဲ့လူတွေလေ။

တချို့တချို့ကြတော့လည်း တော်လှန်ရေးကြီးအတွက် တနိုင်ငံလုံးအတွက်
စွန့်လွတ်ရ တိုက်ပွဲဝင်ရ အသက်ကိုပါစတေးရတဲ့အထိ လုပ်နေကြပြန်ရော။
ဘယ်လိုလူမျိုးတွေပဲ ရှိရှိ ဖြစ်ဖြစ် သေချာတာကတော့ ကျမက ဘယ်တော့မှ တော်လှန်ရေးကြီးအဓွန့်ရှည်ပါစေလို့ လူမှန်းသိတတ်စအရွယ်ကတည်းက
ဆုမတောင်းခဲ့ဖူးဘူး။ အခုလည်းမတောင်းသလို နောက်လည်း တောင်းဦးမှာ
မဟုတ်ပါဘူး။

အော်… ပူလောင်းပြင်းပြတဲ့နေအောက်မှာတောင် ပျားပန်းခတ်အောင် သွား
လာလှုပ်ရှားနေတဲ့ လူတွေကို အတိုင်းတာ ကျမမြင်နေရတယ်။ သူတို့တ
ယောက်စီတိုင်းရဲ့မျက်နှာပေါ်မှာ မလို လားအပ်တဲ့၊ စိတ်ညစ်စရာတွေ ပင်ပန်း
နွမ်းနည်မှုတွေ ပြုံးပျော်ရွင်မှုတွေ တယောက်နဲ့တ ယောက်မတူညီသလို သူ
တို့ရဲ့တကယ့်အတွင်းစိတ်က ဘာတွေများဖြစ်နိုင်မလဲဆိုတာကိုတော့ ကျမ
တကယ်မသိသလို ဆက်ပြီးမစဉ်းစားရင်ကောင်းမယ်လို့ဆုံးဖြတ်ချက်နဲ့အ
တူ နောက်ဆုံး လက်ကျန် ဖန်ခွက်ထဲကရေလေးတမော့ကို အားရပါးရ မော
့သောက်ပြီး လက်ကျန်ရေမရှိတော့ တဲ့ဖန်ခွက်တခုလို ကျမရဲ့အတွေးများ
ကိုလည်း လက်ကျန်မရှိတော့လောက်အောင်ကို အဆုံး သတ်လိုက်မိတယ်။

0 comments:

"Magical Template" designed by Blogger Buster