Thursday, April 10, 2008

လမ်းခွဲစကားမဆိုကြေး


တို့နှစ်ယောက်ရဲ့ယုံကြည်ချက်
အိပ်မက်များရှိရာအရပ်ဆီ
အရောက်လှမ်းနိုင်ဖို့
ရှေ့ဆက်အခက်အခဲပေါင်းများစွာ
စွန့်စားရင်ဆိုင်ကျော်ဖြတ်သွားနိုင်ဖို့
တို့လက်ကို ထာဝရတွဲထားပေးပါ ချစ်သူ ....

ဒီခရီးမရောက်ခင်အချိန်လေး
တွဲထားတဲ့လက်တွေ မဖြုတ်ကြေး
မထားခဲ့ကြေးပါ ချစ်သူ .....

တို့လျောက်ရမဲ့လမ်း
လမ်းခွဲလေးတခုဖြစ်သွားခဲ့ရင်တော့
ပြန်မဆုံနိုင်တာသေချာသွားပြီမို့
ဘယ်တော့မှမဝေးနိုင်တဲ့ချစ်ခြင်းတခု
နှစ်ယောက်အတူရစ်ပတ်လို့
လမ်းခွဲစကားမဆိုကြေးပါ ချစ်သူ .....

0 comments:

"Magical Template" designed by Blogger Buster