Tuesday, April 1, 2008

ဘယ်သူ့အတွက်ဖြစ်ခဲ့တာလဲ


တချိန်ချိန်မှာရနိုင်ကောင်းပါရဲ့

တမ်းတခဲ့ရ မင်းအချစ်တွေလည်း

တကယ်ဆိုတော့ဘယ်သူ့အတွက်များ

မင်းကသိမ်းဆည်းပေးခဲ့တာလဲ….။

မဝေးချင်ဘူး မဝေးရဲဘူးဆိုကာမှ

အဆက်ဖြတ်ကာအဝေးကိုသွား

မျှော်လင့်ခဲ့ရမင်းဘက်ကတုန့်ပြန်မှု

တကယ်ဆိုတော့ဘယ်သူ့အတွက်များ

မင်းကဖြည့်ဆည်းပေးဖို့လည်း….။

မလွမ်းချင်ဘူး မလွမ်းရဲဘူးဆိုကာမှ

အလွမ်းတွေပေးကာကျောခိုင်းသွားသူ

တမ်းတခဲ့ရမင်းရဲ့ရင်ခွင်လေးတခု

တကယ်ဆိုတော့ ဘယ်သူ့အတွက်များ

မင်းချန်ထားပေးခဲ့တာလဲ….။

အိပ်မက်လားအဖြစ်အပျက်အစစ်လား

တကယ်ဖြတ်သန်းခဲ့ရနေ့စွဲတွေမှာ

အလွမ်းများစွာနဲ့အလူးအလှဲကျန်ရစ်ခဲ့သူက

ငါတယောက်တည်းပါ ချစ်သူ….။

0 comments:

"Magical Template" designed by Blogger Buster