Thursday, April 10, 2008

ပျံသန်းသွားလိုက်ပါတော့


နားလည်ပေးချင်ပါတယ် ဒါပေမဲ့
ဘယ်လိုနားလည်ပေးရမလဲ
ငါကိုယ်တိုင်တောင်မသိခဲ့လို့ 
အချစ်ဆိုတာလောဘတွေပြည့်နှက်နေတဲ့
စီးပွားရေးဈေးကွက်တခုလား .....

မင်းကို လောဘတကြီး လက်ဝါးကြီးအုပ်
ချုပ်နှောင်မထားချင်တော့ပါဘူး
နှလုံးသားမှာ အချစ်တွေယိုထွက်တတ်တဲ့
အပေါက်လေးတွေရှိတယ်ဆိုတာ
ငါသိလိုက်ရပါပြီ ချစ်သူ....

အိပ်မက်လေးတွေအဆက်မပြတ်
မက်နေခဲ့မိတာတော့အမှန်ပါ
ဒါပေမယ့် အိပ်မက်ဆိုတာ
မီးခိုးငွေ့လေးလိုဘဲ ပျံ့လွင်းသွားတတ်တယ်လို့
ငါသဘောထားလိုက်ပါတော့မယ် ချစ်သူ...

ငှက်ကလေးလို ပျံသန်းနေချင်တဲ့ မင်းကို
ငါချုပ်နှောင်မထားချင်တော့ပါဘူး
မင်းပျံလိုရာပျံသန်းသွားပါတော့ ....

မင်းအတွက်ပျော်စရာ လှောင်အိမ်လေး
မဆောက်ပေးသေးနိုင်တဲ့ ငါ
ဝမ်းနည်းစွာနဲ့ ပဲ
မင်းရဲ့ကျောပြင်လေးကိုငေးကြည့်ပြီး
ကျန်ခဲ့ပါတော့မယ် ချစ်သူ....


0 comments:

"Magical Template" designed by Blogger Buster