Friday, April 18, 2008

အလွမ်းဇတ်သိမ်းလေး

တူးပို့ တူးပို့ ... ကစို့
ဆိုင်းသံဗုံသံတွေလည်းတိတ်သွားခဲ့ပြီ
အတာကူးတဲ့တန်ခူးနေ့ရက်လေးလည်း
တရစ်ရစ်နဲ့ကုန်ဆုံးခဲ့ရပြီ
သံဇဉ်တွေနဲ့ တက်ကြွခဲ့ရတဲ့
ဒီရင်ဘတ်အစုံက နှလုံးခုံသံလေးတွေလည်း
တဖန်ပြန်လည်တိတ်ဆိတ်လို့
အော်အခုတော့လည်း ဘာမှမဟုတ်တော့သလိုပါပဲ။

တဆာဆာအော်နေတဲ့ ပုဇင်းရင်ကွဲလေးတွေ
အပြိုင်အဆိုင်ပွင့်ဖူးခဲ့တဲ့ ငုဝါလေးတွေ
ဟိုတဆိုင် ဒီတဆိုင်သာတောက်ပခဲ့တဲ့
ပိတောက်ဝါလေးတွေလည်း
အခုတော့လည်း သူ့အချိန်လွန်လို့
သူတိတ်တဆိတ်နဲ့ပြီးဆုံးသွားခဲ့ပြီပဲ။

တကယ်တမ်းမပြီးဆုံးခဲ့တာက
အမှတ်တမဲ့ဆုံဆည်းခဲ့ပြီး
အမှတ်တရတွေပေးသွားခဲ့ခြင်း
အမှတ်တရတွေပေးပြီးကာမှ
အမှတ်မထင်ပျောက်ကွယ်သွားသူ
နောက်ဆုံးတော့လည်း
မစရသေးတဲ့ဒီဇတ်လမ်း
အလွမ်းနဲ့ပဲဇတ်သိမ်းခဲ့ရတယ်။



0 comments:

"Magical Template" designed by Blogger Buster