အမှောင်ထုကြားကငိုရှိုက်သံများ
မနက်ဖြန်ဆိုတဲ့ရက်စွဲလေးတစ်ခု
ဥာဏ်မမှီနိုင်ပါဘူးဒီလောကကြီးရဲ့
မာယာနဲ့လှည့်ကွက်များစွာကို….
မနေ့တနေ့ကမှအတူရှိခဲ့
ဒီမိသားစုကမ္ဘာငယ်လေးထဲ
အတူဆုံခဲ့ထမင်းဝိုင်းလေးထဲ
အတူဝေစားခဲ့မုန့်လေးများ
အခုတော့တယောက်တည်း
အမေ အဖေဘယ်မှာလဲ
သိပ်ချစ်တဲ့ ကိုကိုမမတွေကော
အတူဆော့ခဲ့မောင်ငယ်တွေရော
ဘာလို့တစ်ယောက်တည်းထားခဲ့
အဝေးကိုထွက်သွားကြတာလဲ
ငိုသံကိုမကြားကြတော့ဘူးလား
ဆာလောင်နေတဲ့ဒီဝမ်းအတွက်
ကျွှေးပါဦးလားထမင်းတစ်နပ်
ဘာရယ်ကြောင့်ဆိုတာမသိပေမယ့်
မနေ့တစ်နေ့ကလိုမျိုးနဲ့မတူတော့ဘူး
အခုတော့လည်း တစ်ယောက်တည်း
အမှောင်ညတွေကိုဖက်တွယ်
ခိုလှုံစရာရင်ခွင်တွေကမရှိတော့
ကြောက်ရွံ့မှုများစွာနဲ့ငိုရှိုက်သံတွေ
ပင်လယ်လှိုင်းတွေအလယ်ရိုက်ခတ်
ပဲ့တင်သံတွေနဲ့ဒီမြင်ကွင်းကြားနဲ့ဝေးရာ
အဝေးဆုံးတစ်နေရာကို ခေါ်ဆောင်သွားပေးပါ၊

Falling hearts Here
0 comments:
Post a Comment