Monday, April 28, 2008

ချစ်မိသောကြောင့်



အိပ်ဆေးမရှိတဲ့

အိပ်ပျက်ညတွေထဲမှာ
မင်းအကြောင်းကစိုးမိုး
နာကျင်ပေမယ့်
ငါကျေနပ်နေခဲ့မိတယ် .....

ရင်နာပေမယ့်
မထုတ်ပါယ်ရက်ပါဘူး
ပိုင်ဆိုင်ခွင့်မရှိရင်လည်း
အဝေးကကြည့်နေရုံနဲ့
ငါကျေနပ်နေခဲ့မိတယ် .........

သူစိမ်းတယောက်လို
မင်းရဲ့အကြည့်တွေက
နှလုံးသားတခုလုံးကို
တစဆီထိုးစွချေမွနေပေမယ့်
ရင်နာစွာနဲ့ပဲ ငါ
ဆက်ပြီးကျေနပ်နေပါဦးမယ် ချစ်သူ ......

Friday, April 18, 2008

အလွမ်းဇတ်သိမ်းလေး

တူးပို့ တူးပို့ ... ကစို့
ဆိုင်းသံဗုံသံတွေလည်းတိတ်သွားခဲ့ပြီ
အတာကူးတဲ့တန်ခူးနေ့ရက်လေးလည်း
တရစ်ရစ်နဲ့ကုန်ဆုံးခဲ့ရပြီ
သံဇဉ်တွေနဲ့ တက်ကြွခဲ့ရတဲ့
ဒီရင်ဘတ်အစုံက နှလုံးခုံသံလေးတွေလည်း
တဖန်ပြန်လည်တိတ်ဆိတ်လို့
အော်အခုတော့လည်း ဘာမှမဟုတ်တော့သလိုပါပဲ။

တဆာဆာအော်နေတဲ့ ပုဇင်းရင်ကွဲလေးတွေ
အပြိုင်အဆိုင်ပွင့်ဖူးခဲ့တဲ့ ငုဝါလေးတွေ
ဟိုတဆိုင် ဒီတဆိုင်သာတောက်ပခဲ့တဲ့
ပိတောက်ဝါလေးတွေလည်း
အခုတော့လည်း သူ့အချိန်လွန်လို့
သူတိတ်တဆိတ်နဲ့ပြီးဆုံးသွားခဲ့ပြီပဲ။

တကယ်တမ်းမပြီးဆုံးခဲ့တာက
အမှတ်တမဲ့ဆုံဆည်းခဲ့ပြီး
အမှတ်တရတွေပေးသွားခဲ့ခြင်း
အမှတ်တရတွေပေးပြီးကာမှ
အမှတ်မထင်ပျောက်ကွယ်သွားသူ
နောက်ဆုံးတော့လည်း
မစရသေးတဲ့ဒီဇတ်လမ်း
အလွမ်းနဲ့ပဲဇတ်သိမ်းခဲ့ရတယ်။



Thursday, April 10, 2008

ကွယ်လွန်သူဖေဖေအတွက်


အဖေ ....
ပတ်ဝန်းကျင်ကပြောနေတဲ့သတင်း
အတည်ပြုလိုက်ရတဲ့ အဖြစ်မှန်
တကယ်ထွက်ခွာသွားခဲ့ချိန်
နူတ်ဆက်ချိန်တောင်မရခဲ့ဘူးနော် .....

ခေတ်စနစ်ဆိုးအောက်က
သမီးတို့ရဲ့မြန်မာပြည်အတွက်
တနေရာတဒေါင့်ဒေါင့်ကနေ
လှုပ်ရှားနေသူ သမီးဖြစ်မှန်း
အဖေထွက်ခွာသွားချိန်ထိ
မသိလိုက်ခဲ့ဘူး မဟုတ်လား အဖေ .....

သမီးပြန်ခဲ့မယ် နှောက်နှစ်နွေရာသီ
ကတိတခုမဟုတ်ပေမယ့်
အိမ်အပြန်မျှော်နေမဲ့ အဖေတယောက်
ရေတွက်လို့မကုန်နိုင်တဲ့ ဒီနွေရက်တွေ
အဖေတယောက် မုန်းနေခဲ့မှာလား .....

“အဖေ့ရင်တံခါး သမီးလေးအတွက်ထာဝရဖွင့်လျှက်”
အဖေ့ရဲ့နောက်ဆုံးစာတိုလေးတကြောင်း
သမီးလေးရဲ့ ဒိုင်ယာရီထဲ ရှိနေဆဲပါ အဖေ .....

နိုင်ငံလွတ်လပ်ရေးရချိန်
အဖေ့ရင်တံခါးပြန်လာခေါက်မယ်စိတ်ကူး
အဖေတယောက် ထွက်သွားတော့လည်း
သမီးကိုတောင်နူတ်မဆက်ခဲ့ဘူး
အပြီးအပိုင်ဆိုတဲ့စာသား
သမီးရွတ်မဆိုချင်တော့ဘူး အဖေ.....

အရောက်မလာနိုင်ခဲ့တဲ့ အဖေ့ရဲ့ဈာပနာ
အဝေးကလည်း မငိုချင်ပါဘူးအဖေ
မိဘကျေးဇူးဆပ်ဖို့ တာဝန်မကျေနိုင်ခဲ့ပေမဲ့
သမီးရဲ့ လက်ရှိလုပ်ရပ်တခုအတွက်
အဝေးတနေရာကပဲ
ဂုဏ်ယူပေးပါတော့ အဖေရယ် .....

“2007 နိုဝင်ဘာမှာကွယ်လွန်သွားသော ကြယ်စင်လေးရဲ့  ဖေဖေအတွက် ”

လမ်းခွဲစကားမဆိုကြေး


တို့နှစ်ယောက်ရဲ့ယုံကြည်ချက်
အိပ်မက်များရှိရာအရပ်ဆီ
အရောက်လှမ်းနိုင်ဖို့
ရှေ့ဆက်အခက်အခဲပေါင်းများစွာ
စွန့်စားရင်ဆိုင်ကျော်ဖြတ်သွားနိုင်ဖို့
တို့လက်ကို ထာဝရတွဲထားပေးပါ ချစ်သူ ....

ဒီခရီးမရောက်ခင်အချိန်လေး
တွဲထားတဲ့လက်တွေ မဖြုတ်ကြေး
မထားခဲ့ကြေးပါ ချစ်သူ .....

တို့လျောက်ရမဲ့လမ်း
လမ်းခွဲလေးတခုဖြစ်သွားခဲ့ရင်တော့
ပြန်မဆုံနိုင်တာသေချာသွားပြီမို့
ဘယ်တော့မှမဝေးနိုင်တဲ့ချစ်ခြင်းတခု
နှစ်ယောက်အတူရစ်ပတ်လို့
လမ်းခွဲစကားမဆိုကြေးပါ ချစ်သူ .....

တိုက်ဆိုင်မှုတခုကြောင့်သာဖြစ်ခဲ့ရင်


ရက်စက်ဖို့ မစဉ်းစား
မုန်းမေ့လိုက်ဖို့မတွေး
တကယ်မြတ်နိုးနေရင်းနဲ့
တိုက်ဆိုင်မှုတခုကြောင့်
ကံကြမ္မာက တို့နှစ်ယောက်ကိုခွဲ
တို့တွေတကယ်ဝေးခဲ့ကြရင် ......

တို့နှစ်ယောက်ရဲ့ချစ်ခဲ့ဖူးတဲ့
အချိန်လေးတခုကို
ပြန်လည်အမှတ်ရပေးပါ ချစ်သူ .....

တို့နှစ်ယောက်ပြောခဲ့ဖူးတဲ့
စကားလေးတစုကိုတော့
ပြန်လည်တမ်းတပေးပါ ချစ်သူ ....

တို့နှစ်ယောက်ပေးခဲ့ဖူးတဲ့
အနမ်းလေးများအတွက်တော့
ပြန်လည်လွမ်းဆွတ်ပေးပါ ချစ်သူ ....

တိုက်ဆိုင်မှုတခုရှိခဲ့ရင်တော့
တို့နှစ်ယောက်စပ်ဆိုခဲ့တဲ့
ကဗျာလေးတပုဒ်ကိုတော့
ပြန်လည်ရွတ်ဆိုပေးပါ ချစ်သူ ....

အတိတ်အချိန်ကိုပြန်ပြီးလွမ်းမိချိန်တိုင်း
ချစ်ခဲ့ရတဲ့တို့နှစ်ယောက်ရဲ့ချစ်ခြင်း
တခဏလောက်တော့
ပြန်စဉ်းစားပေးလှည့်ပါ ချစ်သူ .....


"Magical Template" designed by Blogger Buster