Tuesday, May 6, 2008

ခိုနားခွင့်လေးပေး


ဝေးဝေးကမင်းကိုလှမ်းကြည့်ရုံလေး

တိုးတိုးလာခဲ့ငါ့ရဲ့အလွမ်းများဟာ

ကြာကြာသိမ်းဆည်းထားရင်း

ရူးမတတ်ဖြစ်လာတဲ့ ငါ့ရဲ့အဖြစ် …

မင်းအကြောင်းစဉ်းစားတိုင်း

နွေးထွေးလာတဲ့ငါ့ရင်ခှုန်နှုန်း

မျှော်လင့်ချက်တွေက

ငါ့အိပ်မက်တွေကို လှပစေပြန်တယ် …

အိပ်မက်တခုက တချိန်

ငါ့အသဲကိုနာကျင်စေမှာသိပေမယ့်

မင်းကိုယ်တိုင်မသိလိုက်တဲ့

နှောင်ကြိုးလေးတမျှင်က

အထပ်ထပ်ချည်နှောင်

ရုန်းထွက်ဖို့တကယ်ကိုခက်နေပါပြီ …


မျှော်လင့်ချက်တခုက

ငါ့ကိုပူလောင်စေပါပြီ

မင်းရဲ့အချစ်မင်းရဲ့အကြင်နာ

မင်းရဲ့ရင်ခွင်လေးထဲ

ခဏလောက်တော့ခိုနားချင်ပါပြီ ချစ်သူ ….

0 comments:

"Magical Template" designed by Blogger Buster