Wednesday, May 7, 2008

မင်းအတွက်အဆင်သင့်


မဖြစ်နိုင်တာသိလျက်နဲ့ 

သံယောဇဉ်တွေကိုချည်နှောင်

မဖြစ်သင့်ဘူးသိလျက်နဲ့ 

မင်းဘက်ကငါ့ကိုလှည့်စား

ငါ့ရင်ကိုစုတ်ပြတ်သတ်နေအောင်

မင်းရက်စက်စွာအသုံးချ

မင်းပျော်ရွှင်ဖို့အတွက်နဲ့

ငါ့နှလုံးသားကိုအရုပ်တခုလိုကစား

ဘာတွေမှန်းမသိပေမယ့်

ငါရှေ့ဆက်တိုးမိခဲ့တာပဲ

လိမ်ညာနေမှန်းသိနေလျက်နဲ့

ငါသိပ်ချစ်မိနေခဲ့တာပဲ

မာယာတွေမှန်းသိနေလျက်ပဲ

ငါနောက်ဆုတ်ဖို့မှမစဉ်းစားခဲ့တာပဲ

အချစ်တွေကိုခါးသီးသွားအောင်

လှည့်စားမှုတွေနဲ့ဖျော်စပ်ခဲ့တယ်

ပြိုင်ပွဲမဟုတ်ပေမယ့်အနိုင်လိုချင်ခဲ့ရင်

ငါသိပ်ချစ်ခဲ့မိတဲ့မင်းအတွက်

အရှုံးပေးရင်းအသဲကွဲခံဖို့အဆင်သင့်ပါ ချစ်သူ ….



0 comments:

"Magical Template" designed by Blogger Buster