Friday, March 28, 2008

ဟန်ဆောင်ကာမေ့ထားခဲ့ပေမယ့်


ရူံးနိမ့်နေမှန်းသိနေလျက် ဒီပြိုင်ပွဲတခုကို ကျမ၀င်မပြိုင်သင့် မှန်းသိနေပါလျက်
မျှော်လင့်ချက်တခုကကျမကို အကြောင်းပြချက်မဲ့စွာ သယ်ဆောင်ခေါ်ယူ
နေမှတော့ ကျမဘက်ကဘာတတ်နိုင်မှာလဲ ကျမ ကိုယ်တိုင်ကမှ လွန်ဆန်နိုင်
စွမ်းမဲ့ခဲ့တာကိုး..........။

အဲ့ဒီအချိန်က ဆန္ဒတခုကိုဆန့်ကျင်ပြီး အဝေး တနေရာ ထွက်ပြေးခဲ့ရင်
ဒီဒဏ်ရာ နှလုံးသားကတဆစ် ဆစ်နာကျင်ခဲ့မိမယ် မထင်ခဲ့ပါဘူး။ တချိန်က
သိပ်ကိုမြတ်နိုး တွယ်တာခဲ့ဖူးတဲ့ တိမ်တိုက်လေးတွေတောင် လေယူရာကို
ယိမ်းနွဲ့ ကျမနဲ့အဝေးတနေရာမှာ။

ဖွင့်ပြောချင်ခဲ့ပေမယ့် သူပျော်နိုင်ပါစေဆန္ဒတခုက ကျမကို ညတိုင်းလိုလို
အိပ်မက်ထဲနှိပ်စက်မျိုသိပ်ခဲ့ရ ဒီခံစားချက်တစုံကို သူကတော့ သိနိုင်မယ်
မထင်ဘူး။ စေ့ထားရုံရှိတဲ့ နှလုံးသားတခါးပေါက်တခုကို နှလုံးသားတခုနဲ့
မှ ကြည့်ဖို့မကြိုးစားခဲ့တာ။

မဆုံနိုင်တော့ဘူးလား အရင်အချိန်က နေ့ရက်လေးတချို့လိုပေါ့။ မညာ
မတာ စွပ်စွဲချက်တွေကမြှားတစင်းလို အသဲတခုလုံးကို ထိုးချေ အစိတ်
စိတ်ကျေမွ သွားစေခဲ့ပေမယ့် တချိန်ကရှိခဲ့နေညိုချိန်တချို့ကို ပြန်လည်
တမ်းတရင်း တချိန်ချိန်ပြန်တွေ့ခွင့်အတွက် မျှော်လင့်ခြင်နေ
မိသေးတယ်။

တနေ့နေ့တော့ဖွင့်ပြောမယ် စိတ်ကူးခဲ့ဖူးတယ် အဲ့ဒီစိတ်ကူးခံစားချက်
လေးတွေက ကျမကိုအပျော်လေးတွေပေး နှလုံးခုံသံတွေတောင်မြန်စေ
ခဲ့ဖူးတယ်။ တကယ်တမ်းတခဲ့ရ ရက်လေးတခုရောက်ပြန်တော့ သူ့ဆန္ဒ
ကိုဦးစားပေး ကျမဆန္ဒတစုံကို မျိုသိပ်ခဲ့လိုက်ရတယ်။

အရူံးပေးထားသူတယောက်မို့ အလွယ်တကူအနိုင်လိုချင်ခဲ့တာလား။
ဒူးထောက်နေမှန်းသိလျက်ကျမနှလုံးသားကိုဖျစ်ညစ် ခံနိုင်ရည်မရှိနိုင
်လောက်အောင် စိမ်းကားရက်စက်စွာသီကုန်းထားတဲ့မာကျောကျော
အသဲတွေနဲ့ ပြတ်သားလွန်းလှတဲ့စကားလုံးလေးတွေကိုစုစည်း မိုးအ
ဖြစ်နဲ့သာရွာချလိုက်တာလား။ တကယ်နာနာကျင်ကျင် တုန်ရီနေအောင်
ရွဲရွဲစိုနေတဲ့ ဒီမိုးခါးရေတွေအောက်ငါ့ခံစားချက်တွေကို မျောချလိုက်မိတယ်။

အပစ်မတင်ရက်ပါဘူး..ပေးထားသလို ပြန်မရနိုင်တော့တဲ့အခြေအနေ
ဘယ်လိုမှ ဆုံနိုင်ခွင့်မရှိတော့တဲ့ မျဉ်းပြိုင်နှစ်ကြောင်းရဲ့ ဦးတည်ချက်မှာ
ဘယ်သူက တကယ်နာကျင်သွားခဲ့ရသလဲဆိုတာ မစဉ်းစားချင်တော
့ပေမယ့် တနေ့မှမေ့လို့မရအောင် ကျန်ရှိနေတဲ့ ဒီအလွမ်းတွေကိုပဲသံစဉ်
စာသားတခုအဖြစ် သီကုန်းလို့ ကျမတယောက်တည်းအခန်းထဲမှာ ရေးဖွဲ့
ခဲ့ထားတဲ့သွေးစွန်းနှလုံးသားတစုံရဲ့ ဖွင့်အံချက်တွေပေါ့။


မျှော်လင့်ချင်သေးခဲ့ပေမယ့် မဖြစ်နိုင်ဘူးဆိုတာသိနေမှတော့ အလွမ်းတွေ
ကိုတော့ ဆက်လက်ရှင်သန်ခွင့်တော့ပေးခဲ့လှည့်ပါဦး။ ဘယ်သူမှမသိနိုင်တဲ့
ကျမတို့နှစ်ယောက်ပြိုင်ပွဲ မညာမတာဖြစ်ခဲ့လို့ အသေအလဲဖြစ်ခဲ့ရတာ
လေ။ ဟန်ဆောင်ကာမေ့ထားခဲ့ပေမယ့် လေပြေလာတိုင်းတိုင်တည်ခဲ့ဖူး
သော စကားတခွန်းကဆွံ့အသွားခဲ့ရ ကျမစကားသံတွေအစား
“ရှင့်ကိုချစ်နေဆဲ”ဆိုတာ ရှင်ကြားအောင်တော့ ပြောပြပေးနိုင်ပါရဲ့ ချစ်သူ.....။

Thursday, March 27, 2008

What a mother should be

By carlisa smith
********
A mother is the one who loves you

A mother puts no drug above you

A mother will never make you cry

A mother will never make you want to die

A mother will help you fight your fears

A mother will help you stop your tears

A mother will keep you safe and sound

A mother will never let you down

A mother will daily say I love you

A mother won’t say I hate you

A mother won’t wish you were dead

A mother won’t forget what you said

A mother won’t close the door

A mother won’t let you be poor

Now I ask you, do you have a mother?


အမေ့ဆီကအယူပဲသိတတ်ပြီး အပေးမရှိသောသားသမီးများအတွက်ပေါ့...။


အမေ့ရဲ့လက်တစုံ


အမေ့လက်တစုံ ကျောင်းတက်ဖို့ခေါ်ဆောင်

အမေ့လက်တစုံ မနက်ခင်းအတွက်သူမလှုပ်ရှား

အမေ့လက်တစုံ ကျမကိုမိုးသဲသဲအောက်ကုကာကွယ်

အမေ့လက်တစုံ ကျမကိုနေပူပူအောက်ကကာကွယ်

အမေ့လက်တစုံ တယုတယကိုင်တွယ်ခဲ့ကျမမျက်နှာ

အမေ့လက်တစုံ သုတ်ပေးခဲ့ကျမရဲ့မျက်ရည်

အမေ့လက်တစုံ ကြောက်ရွံ့ခြင်းမှ ကျမကိုကယ်တင်

အမေ့လက်တစုံ ယုယထွေးပွေ့မှုကိုကိုယ်စားပြုလို့

အမေ့လက်တစုံ သူမစားဖို့ဝေစု ကျမအတွက်ချပေး

အမေ့လက်တစုံ အပေးတာရှိပြီးအယူမရှိခဲ့သူ

အမေ့လက်တစုံ ရောင်စုံပွင့်တဲ့ပန်းတခင်းပါ အမေ

duncan wyllie ၏ Mother Hands ကဗျာအား ဘာသာပြန်ဆိုပြီးပြန်လည်ခံစားရေးဖွဲ့ သည်။

မင်းနှလုံးသားငါနဲ့အတူထာဝရ

အချိန်တွေရွေ့လျားသွားခဲ့ပေမဲ့

ငါသယ်ဆောင်ဆဲမင်းနှလုံးသားက

ငါနဲ့အတူအမြဲရှိနေခဲ့တယ်

တနေရာဆီဘယ်လောက်ပဲဝေးဝေး

ဟန်ဆောင်လိမ်ညာဆဲမင်းအပြုံးတုတွေ

ဘယ်လောက်ပဲဖြစ်ဖြစ်ငါ့အတွက်

နာကျင်နေခဲ့ပါစေ ငါ့နှလုံးသားကမင်း

လ တစင်းလိုဖျာနေဆဲ

နေတစင်းလိုသာနေဆဲ

မင်းအချစ်တွေကိုလည်း

ငါနှလုံးသားနဲ့သယ်ဆောင်ဆဲ။


မြန်မာပြည်အနာဂါတ်

မရောက်ဖူးတဲ့မြန်မာပြည် တခေါက်လောက်တော့ပြန်ကြည့်မိပါတယ် 2007မှာပေါ့
ခဏသွားတည်းတဲ့ တိုက်ခန်း က ဒုတိယထပ်လောက်မှာရှိတာ...
နေ့ ခင်းဘက်အရမ်းပူတော့ ခဏလောက် စာအုပ်ဖတ်ပြီး
အိပ်မက် စိတ်ကူး ရှိသေး...ဘုတ် ဘုန်း ဆိုပြီး
အသံကြီးက အကျယ်ကြီးဟာ.. ဟ..ဘာလဲဆိုပြီးထတောင်ပြေး
ချင်တာ... အိမ်ရှင်ကပြောတယ်... ဘာမှမဖြစ်ဘူး..အဲ့ဒါ
အပေါ်ထပ်တိုက်ခန်းက အမိုက်ထုတ်ပစ်ချတာတဲ့...
တိုးတက်အုံးမယ့်တို့ရဲ့ မြန်မာပြည်ကြီးလေ....

တခါ...အင်တာနက်ကဖေးကအပြင်ပြန်အထွက်မှာနောက်က
နေတကောက်ကောက်လိုက်နေတဲ့ကလေးတယောက်က ကျမအကျီစက
ိုစွဲပီး ပိုက်ဆံတောင်းနေတာ...အစကတော့မသိဘူးပေါ့နော်... ဘယ်ဟုတ်ပါ့မလဲ
သနားလို့ပေးမိကာမှအနောက်ကကလေးတွေတအုပ်ကြီးပြေးထွက်
လာပြီးလာတောင်းတာကြောက်တောင်ကြောက်သွားတယ် ဒါပေ
မယ့်ကြားလိုက်ရတဲ့အသံတသံကအသက်ရူတောင် မှားသွားမတတ်ပါပဲ... ဘာတဲ့....
လိုက်..လိုက်တဲ့... အဲ့ဒီမိန်းကလေးတွေကြည့်ရ တာ..ပိုက်ဆံထော
အသိုင်းအ၀ိုင်းကပဲတဲ့...ပြောလိုက်တဲ့ အသံက ကလေးအသံမဟုတ်
ဘူးဟ..ဘေးနားမှာရှိနေတဲ့ယောကျာ်းရင့်မကြီး... မိုက်ရိုင်းလိုက်တာရှင်...
လူကြီးတွေ ကိုယ်တိုင်က ကလေးငယ်တွေကို အဲ့လိုမြောက်
စားထားကြတာ...အဲ့ဒါ ကျမတို့ ရဲ့ မြန်မာပြည်ကြီးပေါ့.....

...... မြန်မာပြည်အနာဂါတ်ရဲ့ ကလေးတွေအတွက် ရင်လေးစရာ......

"Magical Template" designed by Blogger Buster