Thursday, June 12, 2008

အရင်လိုအချိန်မျိုး

ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့

ရက်ပေါင်းများစွာကိုကျော်လွန်လို့

နှစ်တွေကိုတောင်ဖြတ်ခဲ့ပြီပဲ

ယုံကြည်မှုတွေနဲ့တည်ဆောက်

ဦးတည်ချက်နဲ့လျှောက်ခဲ့

ဒီခရီးလမ်းတလျှောက်လုံးမှာ

မပေးနိုင်တော့တဲ့အရင်လိုအချိန်မျိုး

ဂရုစိုက်မှုတွေလျော့သွားရင်တောင်

မင်းကိုမချစ်လို့တော့မှ မဟုတ်တာပဲ

အပြုံးတပွင့်နဲ့အားပေးစကားလေးတခွန်း

မင်းအနားနားအစဉ်မရှိခဲ့ရင်တောင်

ငါ့ရင်ထဲမင်းအတွက်အချစ်များက

မင်းတယောက်တည်းအတွက်သာ

ထာဝရရှင်သန်နေခဲ့တာပါ …

0 comments:

"Magical Template" designed by Blogger Buster