Monday, June 23, 2008

ခိုလူံခွင့်လေးပေး

ငါ့ကိုစွန့် သွားခဲ့သောချစ်သူ

အသဲကွဲသူတယောက်ထဲ

ချန်ခဲ့လိုက်ပါတော့ မင်းသဘော

ပေးခဲ့တာကတော့ ငါ့ရဲ့အချစ်တခုလုံး

ရခဲ့တာကတော့ မင်းပေးတဲ့အမုန်း

နောက်လှည့်ကာတောင်မကြည့်တော့

အဝေးကိုထွက်သွားတော့မှ

ငါတို့ဘ၀တွေတကယ်ကိုကွာခြားပြီပေါ့

ချစ်ခွင့်ပြန်ပေးပါလို့တောင်းဆိုချင်ပေမယ့်

ရက်စက်မှုတွေပဲပြန်ရမှာ သိနေတယ်

ကြင်နာသူအချစ်ရေ မင်းပျော်နိုင်ဖို့

နောက်ဆုံးထိငါ့ကိုအရုပ်တခုလိုပဲ

အယုံသွင်းလို့ကစားသွားလိုက်ပါတော့

လမ်းဆုံးလို့မင်းအတွက်နားခိုဖို့နေရာ

ဘယ်မှာရှာမတွေ့ခဲ့ရင်တော့

အရင်ကအဖြစ်တွေကိုမေ့လိုက်ပြီး

ခါးသီးတဲ့အဖြစ်တွေကိုကျော်ဖြတ်လို့

ငါ့ရင်ခွင်လေးထဲ ပြန်ခိုလှုံလိုက်ပါ ချစ်သူ…။

3 comments:

Fire Fly said...
This comment has been removed by the author.
ကိုသားငယ် said...

ကဗျာလေးကို အရမ်းကြိုက်တယ်... အရေးအသားလေးတွေကြိုက်တယ်...

လင်းထက် said...

ပြန်လည် ခှိုလှုံ လာပါစေ လို့ဆုတောင်းပေးပါတယ်...။

"Magical Template" designed by Blogger Buster