Thursday, June 12, 2008

ေုကကွဲနေ့စွဲ










အရင်ကထက်ပိုချစ်လာပေမယ့်

အရင်ကလိုမပျော်တော့ဘူး

ချစ်သူနှုတ်ခမ်းကစကားတခွန်း

ငါ့အသဲနှလုံးကိုတစဆီဖဲ့ချွေ

လောက်မြိုက်သွားတဲ့ငါ့ရင်ဘတ်

ငါ့ရဲ့စိတ်ကူးအိပ်မက်လေးတခုကို

မှုန်ရီေ၀၀ါးသွားစေခဲ့တယ် …

သူ့အပြုံးမြင်မှပျော်နိုင်သူငါ့မှာတော့

သက်ပြင်းလေးကိုအသာချ

အတွေးပေါင်းများစွာရဲ့အလယ်

အိပ်ပျက်ညတွေကိုအဖော်ပြု

သူမသိအောင်ပဲတိတ်တခိုးလေး

ငါ ငိုချလိုက်မိတယ်… ။

0 comments:

"Magical Template" designed by Blogger Buster