Friday, June 20, 2008

အချိန်တခုရောက်ခဲ့ရင်

မင်းကြောင့်

အသဲတွေနာ

နှလုံးတွေကျဉ်

တခါတခါ

အသက်ရူသံတောင်ပုံမမှန်ဘူး

ထိုးချက်ကပြင်း

စူးရှတဲ့စကားလုံးတွေအောက်

ဒူးထောက်အရှုံးပေးပေမယ့်

ထပ်ခါထပ်ခါနှိပ်စက်

လုပ်ချင်သလိုသာလုပ်

ထားခဲ့ချင်သလိုထားခဲ့

တချိန်ချိန်ရောက်ခဲ့ရင်

မင်းပေးတဲ့အချိန်လေးတခု

တကယ်ရောက်ခဲ့ရင်

ကျန်ရစ်ခဲ့သူငါ့မှာတော့

မင်းထားရာနေ

စေရာသွားပြီး

အသဲကွဲခြင်းဝေဒနာတရပ်ကို

လူမသိအောင်

တိတ်တဆိတ်ငိုကြွေးလို့

အလွမ်းတွေနဲ့ကုသနေရတော့မှာပေါ့၊

0 comments:

"Magical Template" designed by Blogger Buster