Friday, March 20, 2009
Thursday, February 19, 2009
ကျရှုံးရင်းကျရှုံးနေမယ့်သူ

်မွန်းကျပ်မှုများစွာနဲ့တော့
ငါ့နှလုံးသားလေးဆီ
ဝင်မလာခဲ့ပါနဲ့  ချစ်သူ ....၊
ညအိပ်မက်တွေထဲ
တယောက်ထဲပဲ
လန့်နိုးခဲ့ရဒီအိပ်မက်ုကားထဲ
မရေမရာစိတ်ကူးတွေထဲ
ငါတယောက်ထဲပါပဲ....
ခေါင်းလေးညိတ်တိုင်း
ငါကျေနပ်နေတာမှမဟုတ်တာ
မင်းကိုပြုံးပြတိုင်းလည်း
ငါပျော်နေတယ်မင်းထင်လား
တိတ်တဆိတ်နေခဲ့ပေမယ့်
ပတ်ဝန်းကျင်အတိုက်အခိုက်တွေနဲ့ 
မင်းရဲ့ တခါတရံအပြစ်တင်သံ .....
ပြောင်းလဲသွားပြီလား
ဖြစ်ပေါ်လာတဲ့ငါ့သံသယ
အထပ်ထပ်ချိုးနိမ်လို့ 
ဖြတ်သန်းခဲ့အိပ်မပျော်တဲ့ငါ့ညတွေ ....
တခေါက်လောက်တော့
မင်းနှလုံးသားနဲ့ဝင်ုကည့်လိုက်ပေါ့
ယဲ့ယဲ့သာကျန်တော့တဲ့ငါ့အသဲ
ရိုက်သံတွေနဲ့ပဲ အမြဲ
မင်းတယောက်အတွက်တော့
ငါကျရှုံးရင်းကျရှုံးနေဦးမယ်....။
Posted byုကယ်စင်လေး at 3:12 PM
Labels: Poems ♦comments (0)
အေုကာင်ုးကားခြင်း
လေးလို့ တောင်ပြန်အော်မိတယ် ...အဟီး ... ဘာဖြစ်လို့ လဲဆိုတော့ နောက်
ဆုံးဘလော့ဂ်မှာစာတင်သွားတဲ့ရက်စွဲနဲ့  အခုတခေါက်ပြန်ရောက်လာတဲ့
ရက်စွဲက အဟီး တော်တော်လေးကိုအလှမ်းကွာနေရှာတာ ....
ဘာပဲပြောပြောဒီနေ့တော့ဆုံးဖြတ်ချက်တခုကိုချလိုက်ပါတယ် (ဖြစ်တာမ
ဖြစ်တာကတော့တပိုင်းပေါ့နော်)ပို့စ်အသစ်တွေမတင်ဖြစ်နေရင်တောင်မှ
ကိုယ်ဖန်တီးထားတဲ့ဘလော့ဂ်လေးအရောက်လာသင့်တာပေါ့နော်ပရိတ်
သတ်ုကီး ...
အခုနှစ်ရဲ့ဒုတိယမြောက်လလေးမကုန့်တကုန်အချိန်လေးမှာ ပရိတ်သတ်
ုကီးအတွက်အရောက်ပြန်လာခဲ့ပါပြီဆိုတဲ့အေုကာင်းလေးတော့သတင်း
ကောင်းပါးလိုက်ပါတယ်ရှင် ....
Posted byုကယ်စင်လေး at 12:58 PM
Labels: Kyal Sin Lay ♦comments (0)
Saturday, July 19, 2008
အမောပြေ
အလယ်ရောက်လာသူများ ရီမောနိုင်စေဖို့ ရည်ရွယ်ပြီးတော့ ပြန်လည်တင်ပြပေးတာပါရှင်
ဒီပုံအတိုင်းတာ မင်္ဂလာဆောင်ရမယ်ဆိုရင်တော့ ဒီသတိုးသားနဲ့ သေခန်းပြတ်ပစ်လိုက်မယ် .. အဟီး.. သူတော်တော် အိပ်ရေးပျက်ထားပုံရတယ်နော်။
ဒီပုံအတိုင်းတာ အမှန်တရားဆိုရင်တော့… စာဖတ်သူမိန်းကလေးများ သတိတာထားကြ ပေတော့နော်
အပေါ်ကပုံတွေကိုထောက်ခံတဲ့အနေနဲ့  ကြောင်ကလေးတောင် သဘောကျပြီး ရှက်ပြုံးလေး ပြုံးနေလေရဲ့ ။
ကျောထောက်နောက်ခံဆိုတာ ဒါမျိုးကိုပြောတာထင်ပါရဲ့ ။
ဘောလုံးကန်တဲ့ပွဲလား … အမ်.. တခုခုတော့ လွဲနေပြီထင်ပါရဲ့ ။
ကယ်ပါဦးလို့  အော်ပေရှာတော့မပေါ့။
Posted byုကယ်စင်လေး at 4:27 PM
Labels: Special Page ♦comments (1)
အအိပ်မက်သူများအတွက်
အိပ်ပုတ်ကြီးသူများစိတ်ဓါတ်မကျစေဖို့  ခွန်အားသစ်တွေရရှိစေဖို့  ပြန်လည်တင်ပြခြင်းဖြစ်ပါတယ်ရှင် ….။ အိပ်ပုတ်ကြီးသူများ ပုံထဲမှာပါတဲ့ ဘယ်ပုံနဲ့ ထပ်တူဖြစ်နေလဲဆိုတာ စဉ်းစားရင်းနဲ့  ဘ၀အမော ပြေနိုင်ပါစေနော်



Posted byုကယ်စင်လေး at 4:15 PM
Labels: Special Page ♦comments (0)
Wednesday, July 16, 2008
ထူးဆန်းထွေလာ
သူငယ်ချင်းတယောက် Forward လုပ်ပေးထားတဲ့ မေးလ်ထဲက ပုံလေးတွေပါ၊ ဘယ်နိုင်ငံက ပုံတွေလည်းဆိုတာမသိပေမယ့် မမြင်ရသေးတဲ့ မကြည့်ဖူးသေးတဲ့ သူတွေအတွက် ရည်ရွယ်ပြီးတော့ ပြန်တင်ပြပေးလိုက်တာပါ။
ဟောတော့ …. ဒီလိုမျိုး အချစ်စမ်းလို့ ကတော့ တသက်လုံးမခေါ်တော့ဘူးမှတ် ..၊
ဘယ်ကတည်းက မကျေမနပ်ဖြစ်နေပါလိမ့်။ စဉ်းစားစရာပဲနော့်၊
ဒီလိုကစားနည်းမျိုး ငယ်ငယ်က ကစားဖူးသလိုပါပဲ။ ပြန်စဉ်းစားကြည့်ဦးမှ …
အမ်… အထဲမှာ ဘာရှိနေမလဲဆိုတာ သိချင်လွန်းလို့ ထင်တယ်။
ဒီလိုမျိုးစီးတော့ မြင်းခြေထောက်နာ သက်သာတာပေါ့နော်
ဒီလိုခြေလှမ်းမျိုးနဲ့ သာ ဆက်လက်လှုပ်ရှားလို့ ကတော့ အဟီး….
ရေမကူးတတ်ဘူးဆိုမှ ရေကန်ထဲတွန်းချတဲ့အဖြစ် သြော်တယ်လည်း ပြောရခက်သကိုး
Posted byုကယ်စင်လေး at 4:36 PM
Labels: Special Page ♦comments (0)
Forward mail တခုဆီကနေ ရထားတဲ့ ပုံလေးတွေပါ။ ဘယ်နိုင်ငံက အဖြစ်အပျက် ပုံလေးတွေလဲဆိုတာ မသိရပေမယ့် စိတ်ဝင်စားဖို့ ကောင်းတဲ့ ပုံလေးတွေမို့  ပြန်လည် တင်ပြလိုက်တာပါရှင်
ဒီလိုခြေလှမ်းမျိုးနဲ့ သာပြေးလို့ ကတော့ ကမ္ဘာကျော်အပြေးသမားတွေကတောင် လက်မှိုင်ကျသွားနိုင်တယ် နော့်။

Posted byုကယ်စင်လေး at 4:19 PM
Labels: Special Page ♦comments (0)
Friday, July 11, 2008
သူနှင့်သက်ဆိုင်သော
ယုံကြည်ပါလို့ ထပ်ခါ ထပ်ခါ မပြောချင်ဘူး။ တောင်းလည်းမတောင်းဆိုပါဘူး ဒါပေမယ့် ကိုယ်သိပ်ချစ်ရတဲ့ ချစ်သူတယောက်ဆီကနေ ကိုယ့်ကိုမယုံကြည်တော့ဘူး ဆိုတဲ့ စကား တခွန်းက ဘယ်လိုခံစားသွားစေမလဲ၊ တကယ့်ရင်ထဲမှာ မကောင်းဘူး။ တကယ်ဆို ကိုယ်ခံစားရတာတွေကို ကိုယ်ကိုတိုင်ပဲသိတာပေါ့၊
အရင်ကအတိတ်တွေကို ထားလိုက်ပါ၊ ရည်ရွယ်ချက်မဲ့ မှားခဲ့တဲ့ လုပ်ခဲ့မိတဲ့အမှားတခု အတွက်က ချစ်သူနူတ်ဖျားမှာ တကြိမ်ထက်မနည်းကြားရဖန်များလာ ထောက်ပြစရာ တခုဖြစ်လာတော့ ကိုယ်လုပ်ခဲ့မိတဲ့ အရာတခုက ရာဇ၀တ်မှုတခု ကျူးလွန်သူ တယောက် လို မျိုး ပြန်ခံစားရတယ်၊ တကယ်တမ်းဆို အပေါင်းအသင်းတွေနဲ့ ကျီစယ်ပြီး ပြောခဲ့တဲ့ စကား လုပ်ခဲ့တဲ့အပြုအမူ တချိန်က ကိုယ်တာတွေကို ထည့်သွင်းမစဉ်းစားဖြစ်ခဲ့ဘူး ဆိုတာကိုတော့ ၀န်ခံပါတယ်၊
အမှားတခုကိုသိရင် အမြန်ဆုံးပြင်နိုင်ရမယ်ဆိုတဲ့ စကားက ကိုယ့်အတွက်ရော မပါတော့ ဘူးတဲ့လား။ ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ်တခုက ကိုယ့်ချစ်သူအတွက် ၀မ်းနည်းစရာ အပစ်တင် စရာ အထင်လွဲသွားစရာလုပ်ရပ်တခုလို့ ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်မိချိန်မှာ ကိုယ် အရာရာကို ပြင်ဆင်ခဲ့ပါတယ်၊ ဒါပေမယ့် ကိုယ့်အတွက်က အမှန်တရားတခု အတိတ် တခုအဖြစ် ဘာလို့ မထားခဲ့ပေးနိုင်ရတာလဲ။ မတော်တဆဖြစ်ခဲ့တဲ့ ကိစ္စလေးက ကိုယ့်အတွက် ထာဝရအရိပ်မဲတခု ဖြစ်နေတော့မှာလား ချစ်သူ…. ။
ကိုယ့်ကိုစော်ကားတာထက်၊ ကိုယ့်ရဲ့ဂုဏ်သိက္ခာတခုလုံးကို စုတ်ပြတ်သတ်သွားအောင် မင်းအပစ်တင် ပြောရက်ပေမယ့် ကိုယ်သိပ်ချစ်တဲ့ ဖြူစင်တဲ့ ကိုယ့်ရဲ့အချစ်တွေ တန်ဖိုးထားမှုတွေကို မင်းမစော်ကားသင့်ပါဘူး ချစ်သူရာ…။ မင်းလောက် ကိုယ့်အချစ်တွေကို ပေါ်အောင် ကိုယ်မပြောပြတတ်ဘူး။ ကိုယ့်နှလုံးသားထဲမှာ ဖြစ်တည်နေတဲ့ ခံစားမှု ဖြူစင်တဲ့ ချစ်ခြင်းတစုံတရာကို မင်းကြည့်တတ်တယ်ဆိုရင် မင်းမြင်နိုင်မှာပါ ချစ်သူရယ်… ။
ချစ်သူနှစ်ယောက်ကြားမှာ ယုံကြည်မှုရယ် ချစ်ခြင်းမေတ္တာရယ် တန်ဖိုးထားမှုရယ် နားလည်မှုရယ်က အရေးကြီးဆုံးဆို ဒါပေမယ့် အခုတော့ မင်းကိုယ့်ကို အရင်ကလောက် ယုံကြည်မှုမရှိတော့ဘူးတဲ့ ကိုယ့်ရဲ့ ချစ်ခြင်းတွေကိုလည်း မင်းတန်ဖိုးမဲ့စွာ စော်ကားခဲ့တယ် ပြီးတော့ မင်း ကိုယ့်ကိုနားမလည်နိုင်တော့လောက်အောင် ဖြစ်ရတယ်တဲ့ ဒါဆို ကိုယ့်အတွက်က ဘာကျန်တော့မှာလဲ ချစ်သူ …… ။
ကိုယ့်မှာချစ်သူရှိတာသိလျက် ကိုယ့်ကို ချစ်စကားလာပြောတဲ့သူတွေကို ဘာကြောင့်အဲ့လို ပြောရတာလဲ ဘာကြောင့်အဲ့ဒီလိုမျိုးဖြစ်အောင် ကိုယ့်ဘက်က ဘာတွေလုပ်ထားလို့ လဲတဲ့…။ ကိုယ့်ရဲ့ဂုဏ်သိက္ခတွေက အဲ့ဒီလောက်ထိအောင် စုတ်ပြတ်သက်သွား လောက်အောင် မင်းကိုယ့်အပေါ် သံသယတွေက စိုးမိုးသွားတာလား။ မင်းရဲ့ မေးခွန်းတွေအလယ်မှာ ကိုယ်သိပ်ကိုနာကျင်မိပြီး သိပ်ကို ၀မ်းနည်းသွားခဲ့ရပေမယ့် ကိုယ်သိပ်ချစ်တဲ့သူတယောက်ရဲ့ နူတ်ဖျားက ထွက်ကျလာတဲ့ ဒီမေးခွန်းအတွက် ကိုယ့်ကိုကိုယ် သိပ်ကိုနာကျည်းမိတယ်။
ကိုယ့်ဘက်က ဖြေရှင်းမှုတွေက မင်းအတွက်တော့ ဝေေ၀၀ါးဝါး အကြောင်းပြချက် တွေအဖြစ် သံသယဖြစ်နေတဲ့ မင်းအတွက်တော့ ကိုယ်တကယ်ကို ဘာဖြေရှင်းချက်မှ မပေးချင်တော့ဘူး ချစ်သူ…။ မင်းကြိုက်သလိုသာ လုပ်သွားပါတော့။ မင်းကြိုက်သလိုသာ ဆုံးဖြတ်လိုက်ပါ။ သို့ မဟုတ် မင်းရဲ့ နှလုံးသားကို ဖြေသာနိုင်မယ်ထင်တဲ့ စကားလုံးကြမ်းကြမ်းတွေနဲ့ ကိုယ့်နှလုံးသားထဲကို မင်းထပ်ပြီး ပစ်သွင်းသွားလိုက်ပါ ချစ်သူ….။ တချိန် ကိုယ့်ရဲ့ ဖြူစင်တဲ့ ချစ်ခြင်းနဲ့ တန်ဖိုးထားမြတ်နိုးမှုကို မင်းနားလည်လာတဲ့ အချိန် မင်းယုံကြည်လာတဲ့အချိန် မင်းပြန်လည်တန်ဖိုးထားတတ်တဲ့အချိန်ကို ကိုယ့်ဘက်က စောင့်နေမှာပါ… ။
Posted byုကယ်စင်လေး at 12:54 PM
Labels: Words From Hearts ♦comments (0)
Wednesday, July 9, 2008
ရင်ခွင်သစ်မှချစ်သူ
အတွေးများအလယ်မှာ
ငါတယောက်တည်းချောက်ချား
မဖြစ်နိုင်ဘူးခေါင်းကိုအခါခါယမ်း
စွဲမြဲစေတဲ့မြင်ကွင်းတခု
မင်းမဟုတ်ပါဘူးလို့ငြင်းလိုက်စမ်းပါ ချစ်သူ….
တုန်ရီနေတဲ့နူတ်ခမ်းတစုံ
အမှန်တရားတခုကိုသိချင်ပေမယ့်
အတည်ပြုပြောလိုက်မယ့်ဝန်ခံစကား
မင်းနူတ်ခမ်းကထွက်ကျလာမှာ
ငါ့နှလုံးသားတခုလုံးက နာကျင်
ငါတကယ်ကြားနိုင်စွမ်းမရှိဘူး ချစ်သူ …
ငါ့နံဘေးနားအတူရှိပေမယ့်
မင်းနှလုံးသားကအသစ်တယောက်ဆီမှာမို့ 
မင်းမျက်နှာလေးမပျော်ရွှင်နိုင်တာကိုငေးလို့ 
တကယ်ခံစားနာကျင်ခဲ့ရတာက ငါပါ ချစ်သူ…
ပျံသန်းခွင့်ရှိပေမယ့်
မပျံသန်းနိုင်တဲ့ မင်းလိုငှက်မျိုး
ငါအတ္တကြီးနဲ့ ထိန်းချုပ်လိုက်ချင်ပေမယ့်
သိပ်ချစ်မိသူ ငါ့မှာတော့
မတားရက်နိုင်ဘူးချစ်သူ…
ပျံသန်းလိုရာ ပျံသန်းလို့
အပျော်တွေရှိတဲ့အရပ်ကိုပဲ
စိတ်တိုင်းကျသာပျံသန်းသွားပါ
မင်းနှလုံးသားထဲ ငါမရှိတော့ပေမယ့်
ငါ့နှလုံးသားထဲ မင်းအမြဲရှိနေဆဲမို့ 
တချိန်တုန်းကပျော်ရွှင်မှုမျိုး
တပါးသူရင်ခွင်ထဲမှာပဲ
ငါသိပ်ချစ်တဲ့မင်း ပျော်ရွှင်စေဖို့ 
ငါ့နှလုံးသားကို မင်းအတွက်လမ်းခင်းပေးထားတယ် …
Posted byုကယ်စင်လေး at 12:43 PM
Labels: Poems ♦comments (0)
Monday, June 23, 2008
ခိုလူံခွင့်လေးပေး
ငါ့ကိုစွန့် သွားခဲ့သောချစ်သူ
အသဲကွဲသူတယောက်ထဲ
ချန်ခဲ့လိုက်ပါတော့ မင်းသဘော
ပေးခဲ့တာကတော့ ငါ့ရဲ့အချစ်တခုလုံး
ရခဲ့တာကတော့ မင်းပေးတဲ့အမုန်း
နောက်လှည့်ကာတောင်မကြည့်တော့
အဝေးကိုထွက်သွားတော့မှ
ငါတို့ဘ၀တွေတကယ်ကိုကွာခြားပြီပေါ့
ချစ်ခွင့်ပြန်ပေးပါလို့တောင်းဆိုချင်ပေမယ့်
ရက်စက်မှုတွေပဲပြန်ရမှာ သိနေတယ်
ကြင်နာသူအချစ်ရေ မင်းပျော်နိုင်ဖို့
နောက်ဆုံးထိငါ့ကိုအရုပ်တခုလိုပဲ
အယုံသွင်းလို့ကစားသွားလိုက်ပါတော့
လမ်းဆုံးလို့မင်းအတွက်နားခိုဖို့နေရာ
ဘယ်မှာရှာမတွေ့ခဲ့ရင်တော့
အရင်ကအဖြစ်တွေကိုမေ့လိုက်ပြီး
ခါးသီးတဲ့အဖြစ်တွေကိုကျော်ဖြတ်လို့
ငါ့ရင်ခွင်လေးထဲ ပြန်ခိုလှုံလိုက်ပါ ချစ်သူ…။
Posted byုကယ်စင်လေး at 1:01 PM
Labels: Poems ♦comments (3)
Friday, June 20, 2008
အချိန်တခုရောက်ခဲ့ရင်
မင်းကြောင့်
အသဲတွေနာ
နှလုံးတွေကျဉ်
တခါတခါ
အသက်ရူသံတောင်ပုံမမှန်ဘူး
ထိုးချက်ကပြင်း
စူးရှတဲ့စကားလုံးတွေအောက်
ဒူးထောက်အရှုံးပေးပေမယ့်
ထပ်ခါထပ်ခါနှိပ်စက်
လုပ်ချင်သလိုသာလုပ်
ထားခဲ့ချင်သလိုထားခဲ့
တချိန်ချိန်ရောက်ခဲ့ရင်
မင်းပေးတဲ့အချိန်လေးတခု
တကယ်ရောက်ခဲ့ရင်
ကျန်ရစ်ခဲ့သူငါ့မှာတော့
မင်းထားရာနေ
စေရာသွားပြီး
အသဲကွဲခြင်းဝေဒနာတရပ်ကို
လူမသိအောင်
တိတ်တဆိတ်ငိုကြွေးလို့
အလွမ်းတွေနဲ့ကုသနေရတော့မှာပေါ့၊
Posted byုကယ်စင်လေး at 3:12 PM
Labels: Poems ♦comments (0)
Monday, June 16, 2008
အမှောင်ထုကြားကငိုရှိုက်သံများ
မနက်ဖြန်ဆိုတဲ့ရက်စွဲလေးတစ်ခု
ဥာဏ်မမှီနိုင်ပါဘူးဒီလောကကြီးရဲ့
မာယာနဲ့လှည့်ကွက်များစွာကို….
မနေ့တနေ့ကမှအတူရှိခဲ့
ဒီမိသားစုကမ္ဘာငယ်လေးထဲ
အတူဆုံခဲ့ထမင်းဝိုင်းလေးထဲ
အတူဝေစားခဲ့မုန့်လေးများ
အခုတော့တယောက်တည်း
အမေ အဖေဘယ်မှာလဲ
သိပ်ချစ်တဲ့ ကိုကိုမမတွေကော
အတူဆော့ခဲ့မောင်ငယ်တွေရော
ဘာလို့တစ်ယောက်တည်းထားခဲ့
အဝေးကိုထွက်သွားကြတာလဲ
ငိုသံကိုမကြားကြတော့ဘူးလား
ဆာလောင်နေတဲ့ဒီဝမ်းအတွက်
ကျွှေးပါဦးလားထမင်းတစ်နပ်
ဘာရယ်ကြောင့်ဆိုတာမသိပေမယ့်
မနေ့တစ်နေ့ကလိုမျိုးနဲ့မတူတော့ဘူး
အခုတော့လည်း တစ်ယောက်တည်း
အမှောင်ညတွေကိုဖက်တွယ်
ခိုလှုံစရာရင်ခွင်တွေကမရှိတော့
ကြောက်ရွံ့မှုများစွာနဲ့ငိုရှိုက်သံတွေ
ပင်လယ်လှိုင်းတွေအလယ်ရိုက်ခတ်
ပဲ့တင်သံတွေနဲ့ဒီမြင်ကွင်းကြားနဲ့ဝေးရာ
အဝေးဆုံးတစ်နေရာကို ခေါ်ဆောင်သွားပေးပါ၊
Posted byုကယ်စင်လေး at 1:07 PM
Labels: Poems ♦comments (0)
Thursday, June 12, 2008
ေုကကွဲနေ့စွဲ
အရင်ကထက်ပိုချစ်လာပေမယ့်
အရင်ကလိုမပျော်တော့ဘူး
ချစ်သူနှုတ်ခမ်းကစကားတခွန်း
ငါ့အသဲနှလုံးကိုတစဆီဖဲ့ချွေ
လောက်မြိုက်သွားတဲ့ငါ့ရင်ဘတ်
ငါ့ရဲ့စိတ်ကူးအိပ်မက်လေးတခုကို
မှုန်ရီေ၀၀ါးသွားစေခဲ့တယ် …
သူ့အပြုံးမြင်မှပျော်နိုင်သူငါ့မှာတော့
သက်ပြင်းလေးကိုအသာချ
အတွေးပေါင်းများစွာရဲ့အလယ်
အိပ်ပျက်ညတွေကိုအဖော်ပြု
သူမသိအောင်ပဲတိတ်တခိုးလေး
ငါ ငိုချလိုက်မိတယ်… ။
Posted byုကယ်စင်လေး at 11:15 AM
Labels: Poems ♦comments (0)
အရင်လိုအချိန်မျိုး
ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့
ရက်ပေါင်းများစွာကိုကျော်လွန်လို့
နှစ်တွေကိုတောင်ဖြတ်ခဲ့ပြီပဲ
ယုံကြည်မှုတွေနဲ့တည်ဆောက်
ဦးတည်ချက်နဲ့လျှောက်ခဲ့
ဒီခရီးလမ်းတလျှောက်လုံးမှာ
မပေးနိုင်တော့တဲ့အရင်လိုအချိန်မျိုး
ဂရုစိုက်မှုတွေလျော့သွားရင်တောင်
မင်းကိုမချစ်လို့တော့မှ မဟုတ်တာပဲ
အပြုံးတပွင့်နဲ့အားပေးစကားလေးတခွန်း
မင်းအနားနားအစဉ်မရှိခဲ့ရင်တောင်
ငါ့ရင်ထဲမင်းအတွက်အချစ်များက
မင်းတယောက်တည်းအတွက်သာ
ထာဝရရှင်သန်နေခဲ့တာပါ …
Posted byုကယ်စင်လေး at 11:03 AM
Labels: Poems ♦comments (0)
Thursday, May 29, 2008
ချစ်ဥယျာဉ်
လမ်းဆန်းတဲ့အနမ်းသစ်လေးတွေနဲ့….
ဥယျာဉ်မှူးတို့နှစ်ယောက်
စိမ်းလမ်းတဲ့အချစ်ပန်းဥယျာဉ်လေးတစ်ခု
ပျိုးထောင်လို့တို့ပြုစုခဲ့ပြီပေါ့..။
အနမ်းချိုချိုလေးတွေကို
ခွန်အားသစ်တွေအဖြစ်နဲ့ပျိုး…
တို့ရင်ထဲကအချစ်ပန်းခင်းလေးလဲ
ခုဆို….နှစ်တွေကျော်ဖြတ်ခဲ့ပြီနော်
ဘ၀ရည်မှန်းချက်တွေကိုစိုက်ထူ
တို့နှစ်ယောက်ရဲ့ဥယျာဉ်လေးကို
အကြင်နာအားတွေနဲ့တူးဆွလို့…
ဘယ်သူခွဲခွဲတို့မဝေးကြေးဆိုတဲ့စကားလေးတွေက
လိပ်ပြာလေးတွေအလားပျံဝဲ…။
တို့ရဲ့ချစ်ဥယျာဉ်လေး
ခြောက်သွေ့မသွားစေဖို့
တို့များရင်နဲ့ရင်းကြစို့လားချစ်သူ…။
Posted byုကယ်စင်လေး at 2:23 PM
Labels: Poems ♦comments (0)
သံသယများ၏သားကောင်
မောင်…ချစ်ကိုလွမ်းလားတဲ့…
ရင်ကိုတစ်ရစ်ချင်းတင်းစေခဲ့တဲ့စကားလေးတွေ။
မောင်…ခွဲမသွားနဲ့နော်တဲ့…
ကြင်နာမှူတွေတိုးစေခဲ့စကားလေးတွေ။
မောင်…တစ်သက်လုံးချစ်နော်တဲ့….
စွဲလမ်းမှူတွေပေးခဲ့စကားလေးတွေ။
ခုတော့….အဲဒီစကားလေးတွေ
လေထဲပျံဝဲလို့သွားပြီလား
ဘယ်တော့မှမနိုးထချင်ခဲ့တဲ့အိပ်မက်လေးလဲ
မနက်အာရုံနေရောင်ခြည်လေးနဲ့
မြူနှင်းလိုပျောက်ကွယ်ခဲ့ပြီလား။
အေးချမ်းတဲ့အိပ်မက်လေးထဲကနေ
ဘယ်တော့မှနိုးမထချင်ပေမဲ့
သံသယဆိုတဲ့ဆူညံသံတွေက
ငါ့နှလုံးသားကိုနိုးထစေခဲ့ပြီချစ်သူ….။
Posted byုကယ်စင်လေး at 2:05 PM
Labels: Poems ♦comments (0)
အချိန်များကြာပါပြီ
အလွမ်းတွေကတော့
အိုဟောင်းလို့မသွားပြီ
သူ့အကြောင်းကိုပြန်စဉ်းစားတိုင်း
သူ့အကြောင်းကိုသတိရတိုင်း
နှလုံးသားကသိနေပါသည်
သူ့အပေါ်ထားတဲ့ငါ့အချစ်များ
ပျောက်ဆုံးမသွားတဲ့အကြောင်း
သူသိအောင်ပြောနိုင်ဖို့
အချိန်များကိုစောင့်လို့
အလွမ်းညခရီးများကိုဖြတ်လို့
အရင်ကလိုထွေးပွေ့ထားဖို့
အလွမ်းပြာနေ့ရက်များနဲ့အတူ
စောင့်လို့နေပေါ့ ချစ်သူ….
Posted byုကယ်စင်လေး at 11:02 AM
Labels: Poems ♦comments (0)




















