Friday, May 2, 2008

ချစ်နေခွင့်ရရုံလေး


ဒဏ်ရာများနဲ့နာကျင်နေပေမယ့်

အလွမ်းများနဲ့ရူးသွပ်နေပေမယ့်

မျက်ရည်များနဲ့ငိုရှိုက်နေပေမယ့်

နာကျည်းဖို့ကြိုးစားတိုင်းလည်း

ငါ့ဘက်က အကြိမ်ကြိမ်ရှုံးနိမ့်

ဘာမဆိုမင်းအတွက်ဆို

ရှုံးနိမ့်မှုများနဲ့သာငါ့ဘ၀ကို

မင်းကိုချစ်တဲ့အချစ်တခုတည်းက

နှလုံးသားတခုလုံးပေးဆက်ရင်းနဲ့

ဆက်ချစ်နေခွင့်ပြုလှည့်ပါ ချစ်သူ … ။

0 comments:

"Magical Template" designed by Blogger Buster