Wednesday, May 21, 2008

အကျဉ်းချခွင့်


အိပ်မက်တိုင်းသာ

စစ်မှန်မှုတခုဖြစ်နိုင်မယ်ဆိုရင်

အဲ့ဒီအိပ်မက်လေးတခု

ငါတကယ်ပြန်မမက်ချင်ဘူး ချစ်သူ …

စိတ်ကူးယဉ်မှုတခုတိုင်းဟာ

ရူးသွပ်မှုတခုဖြစ်ခဲ့ရင်

အဲ့ဒီရူးသွပ်မှုတခုနဲ့အတူပဲ

ငါရှင်သန်နေချင်တော့တယ် …

မလှပခဲ့ရတဲ့ငါ့ရဲ့

အချစ်အိပ်မက်တွေအတွက်

အပစ်မဲ့တဲ့ငါ့အချစ်

မင်းအတွက်ထာဝရ

အကျဉ်းချထားခွင့်ပြုပါတော့ ချစ်သူ….


0 comments:

"Magical Template" designed by Blogger Buster