Thursday, May 8, 2008

မင်းအတွက်ဆို

မိန်းကလေးတယောက်မို့

ဟန်ဆောင်မျိုသိပ်ထားရမှာလား

ထူးဆန်းလွန်းတဲ့ဒီခံစားချက်

မလွန်ဆန်နိုင်တဲ့ရင်ခုန်နှုန်း

အချိန်တိုင်းပေးဆပ်ရင်းနဲ့

ကြည်နူးမိနေသူကိုမှ

လုပ်ရက်လေချင်းရယ်လို့

တွေးမိတိုင်းလည်း ပြန်လည်

ရင်နာနေခဲ့မိတာကိုတော့

ကိုယ့်အပြစ်နဲ့ကိုယ်မို့

ကိုယ့်မာနတခုလုံးကိုပဲ

မင်းအတွက်လမ်းခင်းလို့

မင်းရှေ့ဒူးထောက်ကျရှုံးခွင့်ပြုပါတော့ ချစ်သူ…


0 comments:

"Magical Template" designed by Blogger Buster