Thursday, May 29, 2008

သံသယများ၏သားကောင်


မောင်…ချစ်ကိုလွမ်းလားတဲ့…

ရင်ကိုတစ်ရစ်ချင်းတင်းစေခဲ့တဲ့စကားလေးတွေ။

မောင်…ခွဲမသွားနဲ့နော်တဲ့…

ကြင်နာမှူတွေတိုးစေခဲ့စကားလေးတွေ။

မောင်…တစ်သက်လုံးချစ်နော်တဲ့….

စွဲလမ်းမှူတွေပေးခဲ့စကားလေးတွေ။

ခုတော့….အဲဒီစကားလေးတွေ

လေထဲပျံဝဲလို့သွားပြီလား

ဘယ်တော့မှမနိုးထချင်ခဲ့တဲ့အိပ်မက်လေးလဲ

မနက်အာရုံနေရောင်ခြည်လေးနဲ့

မြူနှင်းလိုပျောက်ကွယ်ခဲ့ပြီလား။

အေးချမ်းတဲ့အိပ်မက်လေးထဲကနေ

ဘယ်တော့မှနိုးမထချင်ပေမဲ့

သံသယဆိုတဲ့ဆူညံသံတွေက

ငါ့နှလုံးသားကိုနိုးထစေခဲ့ပြီချစ်သူ….။

BY: ကောင်လေး

0 comments:

"Magical Template" designed by Blogger Buster