အမေ့ရဲ့လက်တစုံ
အမေ့လက်တစုံ ကျောင်းတက်ဖို့ခေါ်ဆောင်
အမေ့လက်တစုံ မနက်ခင်းအတွက်သူမလှုပ်ရှား
အမေ့လက်တစုံ ကျမကိုမိုးသဲသဲအောက်ကုကာကွယ်
အမေ့လက်တစုံ ကျမကိုနေပူပူအောက်ကကာကွယ်
အမေ့လက်တစုံ တယုတယကိုင်တွယ်ခဲ့ကျမမျက်နှာ
အမေ့လက်တစုံ သုတ်ပေးခဲ့ကျမရဲ့မျက်ရည်
အမေ့လက်တစုံ ကြောက်ရွံ့ခြင်းမှ ကျမကိုကယ်တင်
အမေ့လက်တစုံ ယုယထွေးပွေ့မှုကိုကိုယ်စားပြုလို့
အမေ့လက်တစုံ သူမစားဖို့ဝေစု ကျမအတွက်ချပေး
အမေ့လက်တစုံ အပေးတာရှိပြီးအယူမရှိခဲ့သူ
အမေ့လက်တစုံ ရောင်စုံပွင့်တဲ့ပန်းတခင်းပါ အမေ
 
 
 
 
 
 
 
 

 
 Falling hearts Here
Falling hearts Here
 
 
 
 
 
 
 
 
 
1 comments:
ကဗျာလေးဖတ်ပြီးခံစားလိုက်ရတယ်ကြယ်စင်
လေးရာ။အလွမ်းတွေနဲ.ပြည့်သွားတာပဲ။
အိမ်ကအမေကိုလွမ်းလိုက်တာဟာ။
Post a Comment